ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်းများကို ကော့မှူးမြို့နယ်မှ အစပြုကာ မြို့နယ်တိုင်းတွင် ဖွင့်လှစ်သွားရန် စီစဉ်ကြိုးပမ်း လျက်ရှိကြောင်း အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ရုံးချုပ်တွင် ကျင်းပသော အမေရိကန် ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ကျေးလက်နေ ပြည်သူ အများစု အသက်မွေးဝမ်းကျောင်း ပညာရပ်များ အားနည်းနေမှု
အပေါ် ဖြည့်ဆည်းနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်တွင်
အသက်မွေးဝမ်းကျောင်း ဆိုင်ရာကျောင်းကို ဖွင့်လှစ်နိုင်ရန် အစိုးရထံ
ခွင့်ပြုချက် တောင်းခံထားပြီး အောင်မြင်ပါက အခြားမြို့နယ်များတွင်ပါ ဆက်လက်
ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြား
ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသို့ ၁၇ ရက်ကြာ ခရီးစဉ်အတွင်း ယေးလ်၊ ဆန်ဖရန်စစ္စကို
အစရှိသော ကမ္ဘာကျော် တက္ကသိုလ်များသို့ သွားရောက် ခဲ့သော
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု အတွက်
နိုင်ငံတကာမှ အကူအညီများ များစွာ လိုအပ်မည်ဖြစ်ပြီး ကူညီပေးမည့် သူများလည်း
အဆင်သင့် ရှိနေကာ ဝိုင်းဝန်း ကြိုးစား ရန်သာ လိုအပ်ကြောင်း ပြောကြားသည်။
The Voice Weekly

No comments:
Post a Comment