Thursday, October 18, 2012

အာရှတိုက်နိုင်ငံများ၏ စစ်ရေးအသုံးစရိတ် တရုတ်နိုင်ငံက ဦးဆောင်တိုးမြှင့်နေ


အာရှတိုက်မှ အဓိက အင်အားနိုင်ငံများ၏ စစ်ရေး အသုံးစရိတ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်တွင် အံ့မခန်းတိုးမြင့်လာပြီး ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံမှာ ဦးဆောင်နေကြောင်း၊ ယင်းမှာ ၂၀၀၀ ကတည်းက ယင်းနိုင်ငံများ၏ ကာကွယ်ရေးဘတ်ဂျက်၏ လေးဆခန့်ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်နိုင်ငံနှင့် အခြားအာရှလေးနိုင်ငံတို့သည် ၄င်းတို့၏ စစ်ရေးအသုံးစရိတ်များကို လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်ဆတိုးသုံးစွဲခဲ့ပြီး ယခုနှစ်တွင် ယင်းနိုင်ငံများ၏ စစ်ရေးအသုံးစရိတ်သည် ဥရောပတိုက် တစ်တိုက်လုံး၏ စစ်ရေးအသုံးစရိတ်ထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန အဖွဲ့က ပြောကြားသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်(တိုင်ပေ)တို့ ၂၀၁၁ ခုနှစ်တွင် စုစုပေါင်းကျခံသုံးစွဲခဲ့သည့် စစ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံသည် ယင်းငါးနိုင်ငံတို့၏ ၂၀၀၀ ပြည့်နှစ်တွင် သုံးစွဲသော စုစုပေါင်း စစ်ရေးအသုံးစရိတ်၏ နှစ်ဆနီးပါးနှင့် ညီမျှကြောင်း သိရသည်။ ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်သည် ဂျပန်နိုင်ငံထက်ပိုလွန်ခဲ့ကာ အာရှတိုက်တွင် အမြင့်မားဆုံးဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်၌ လက်နက် အသစ်အဆန်းများနှင့် ဆက်နွှယ်နေသည့် သုတေသန လုပ်ငန်းများအတွက် သုံးစွဲရန် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈ ဘီလီယံ သတ်မှတ်ခဲ့ပြီး ယင်းမှာ လွန်ခဲ့သော ၂၀၀၀၀ ပြည့်ထက်စာလျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ပိုမိုကျခံသုံးစွဲလာခြင်းဖြစ်သည်။
khitlunge

No comments:

Post a Comment