Friday, October 26, 2012
ဖိလစ်ပိုင်တောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အိုဖီးလ်အမည်ရှိ အပူပိုင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ၀င်ရောက် တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးပြီး လူပေါင်း ၁၀၀ ကျော် ၄င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ရကြောင်း ဒေသဆိုင်ရာ အရာရှိများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်တောင်ပိုင်း ဂျင်နရယ်ဆန်တို့စ်မြို့ရှိ ကျေးရွာရှစ်ရွာတွင် ပြင်းထန်စွာ ၀င်ရောက်ခဲ့သဖြင့် မိုးများ သည်းထန်စွာ ရွာသွန်းကာ ရေလွှမ်းမှုများ ဖြစ်ပေါ်မှုကြောင့် မိသားစုဝင်ပေါင်း ၁၂၀ ခန့်မှာ ဘေးကင်းလုံခြုံသည့်နေရာများသို့ ထွက်ပြေးသွားခဲ့ကြသည်။ တန်ဂန်မြို့တွင် လျှပ်စစ်ဓာတ်အားတိုင်များနှင့် သစ်ပင်များပြိုလဲခဲ့သည်။ ထို့အပြင် ဒါဗာအိုဒယ်လ်နော့ ကာပီတိုလ်မြို့တွင် ဓာတ်အားများ ပြတ်တောက်ပြီး အမှောင်ထုများ ဖုံးလွှမ်းသွားခဲ့သည်။ ယင်းမုန်တိုင်းကြောင့် ကွန်ပိုစတီလာဗယ်လီပြည်နယ်ရှိ ကမ်းခြေဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပြီး မာကိုမြို့တွင် နေအိမ်ငါးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment