ကမ္ဘာတစ်ဝန်းမှ ကားစီးရေ ၇ ဒသမ ၄ သန်း တိုယိုတာကုမ္ပဏီက ပြန်လည်သိမ်းယူ
တိုယိုတာကုမ္ပဏီသည်
ရာရစ်၊ ကော်ရိုလာနှင့် ကမ်ရီအမျိုးအစား အပါအ၀င် ကမ္ဘာတစ်ဝန်းရှိ ကားအစီးရေ
ခုနစ်သန်းကျော်ကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း၊ ယင်းကားများတွင်
ကားတံခါးဂျက်များ ချွတ်ယွင်းချက်ရှိ၍ ဖြစ်ကြောင်း သိရသည်။ ယင်းသို့
ပြန်လည်သိမ်းယူရာတွင် ဥရောပတွင် အစီးရ ၁ ဒသမ ၃၉ သန်း၊ ဗြိတိန်၌ ၁၃၈၀၀၀၊
အမေရိကန်၌ ၂ ဒသမ ၄၇ သန်းနှင့် တရုတ်၌ ၁ ဒသမ ၄ သန်းရှိသည်။ ၁၉၉၆ ခုနှစ်
ဖိုဒ့်ကားကုမ္ပဏီမှ ကားစီးရေ ရှစ်သန်း ပြန်လည်သိမ်းယူခဲ့ချိန် နောက်ပိုင်း
တိုယိုတာကားကုမ္ပဏီက သိမ်းယူသော ကားစီးရေးသည် အများဆုံး အရေအတွက်ဖြစ်သည်ဟု
သိရှိရသည်။
khitlunge
No comments:
Post a Comment