Thursday, October 25, 2012

ပရိသတ်တွေရဲ့အားပေးသံက အားတစ်ခုဖြစ်စေကြောင်း ချစ်သုဝေပြော


ချစ်သုဝေက ပုဂံမှာ ဟန်ဆာပလပ်ကြော်ငြာကို ကလေးတွေနဲ့ ရိုက်ကူးခဲ့ပြီး ဒါရိုက်တာက စင်ရော်မောင်မောင်ဖြစ်ပါတယ်။ ဒီကြော်ငြာကို ပညာပေး အနေနဲ့ ရိုက်ကူး ထားတာဖြစ်ပြီး အညာဓလေ့၊ ရွာဓလေ့လေးတွေလည်း ပါတဲ့အတွက် ပရိသတ်တွေ ရသတစ်မျိုးလေး ခံစား ရမှာဖြစ်ကြောင်း၊ အညာကိုသွား ရောက်ရိုက်ကူးရတဲ့အတွက် အညာက ပရိသတ် တွေ နဲ့တွေ့ရပြီး ပျော်ရကြောင်း၊ သူတို့ဆီက အားပေးသံတွေ၊ ချစ်ကြတဲ့ စကားတွေကြားရတဲ့ အတွက် ကိုယ့်အတွက် အားတစ်ခု ဖြစ်ရကြောင်း ချစ်သုဝေက ပြောပါတယ်။ ချစ်သုဝေက နေတိုး ၃ကိုယ်ခွဲ ဇာတ်လမ်းဖြစ်တဲ့ “ချစ်ခြင်းသီတဲ့လက်များ” ဒီဗီဒီဇာတ်ကားမှာ ပညာမာန ခက်ထန်တဲ့ ဆရာဝန်မ အဖြစ် သရုပ်ဆောင်ထားကြောင်း ပြောပါတယ်။
ဒီဇာတ် ကားနဲ့ပတ်သက်ပြီး ချစ်သုဝေက..”ထရီဇာက ဆရာဝန်မအဖြစ် သရုပ်ဆောင်ရတယ်။ ပညာမာန တအားခက်ထန်တဲ့ မိန်းမပေါ့။ ကိုနေတိုးနဲ့ အကြောင်းပါတော့ ယောက်ျားကိုလည်း မကြည့်နိုင်ဘဲ သူ့အတွက်ပဲ သူကြည့်ပြီး သူဖြစ်ချင်တာ၊ သူ့အတ္တကိုပဲ ရှေ့ဆက်တက်တဲ့မိန်းမ။ အိမ်ထောင် အတွက် အချိန်မပေးနိုင်ဘူး။ ယောက်ျားနဲ့ ပဋိပက္ခတွေဖြစ် တယ်။ အိမ်ထောင် တစ်ခုမှာ တစ်ယောက်က အလျှော့မပေးရင်တော့ တစ်ယောက်က အလျှော့ပေးရမှာပဲ။ နောက်ဆုံးကျတော့ ကိုနေတိုးကပဲ အလျှော့ပေးပြီး ထရီဇာ နောက်ကို လိုက်ရတဲ့ ပညာပေး ဇာတ်လမ်းလေးပေါ့” လို့ပြောပါတယ်။ ချစ်သုဝေက ဒီဇင်ဘာလ ထဲမှာတော့ ဘန်ကောက်ရှိုးပွဲ တော်တော် များများသွား ဆိုဖို့ရှိကြောင်း၊ ဒီဇင်ဘာလထဲ မှာပဲ ရုပ်ရှင်အစည်းအရုံးက ရိုက်မယ့်မင်းသား ၇ယောက် ၊မင်းသမီး ၇ယောက် နဲ့ ခုနစ်ဖော် ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် မှာဖြစ်ကြောင်း၊ ဒီခုနစ်ဖော် ဇာတ်ကားမှာ အရာရာ ဖောရှောလုပ်တတ်တဲ့ အောင်ရဲလင်းရဲ့ ချစ်သူနေရာက သရုပ်ဆောင် ရမှာဖြစ်ကြောင်း ချစ်သုဝေ ကပြောသည်။
Popular facebook

No comments:

Post a Comment