Wednesday, October 10, 2012

တိုင်းဒေသကြီး ၀န်ကြီးချုပ် လွတ်တော်ကို တောင်းပန်မည်


ဆက်လက်ကျင်းပလျှက်ရှိသည့်ဧရာဝတီတိုင်းလွှတ်တော်ယနေ့အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီး
ချုပ်နှင့် ၀န်ကြီး တဦးတို့ တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ် ပါဝင်သည်ဟု အစီအစဉ် ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်သူ ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွုယ်ရေး ၀န်ကြီး ဦးသန်းထွန်းတို့က တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ်ဖြစ်သည်။

ယင်းအစီအစဉ်ပြီးနောက်တွင် တိုင်းဝန်ကြီူးချုပ်နှင့် ၀န်ကြီးတဦးအား စွပ်စွဲပြစ်တင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်
ရယူခြင်း အစီအစဉ် လည်းပါဝင်သည်ကို တွေ့ရှိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ကလွှတ်တော်ကိုယ်စားလှယ်များအာ
းတာဝန်နှင့်လုပ်ပိုင်ခွင့်တားဆီး၍ ပြည်သူနှင့် အဆက်ဖြတ်ထားသည်ဟုဇွန်လအတွင်းစွပ်စွဲပြောဆိုမှုများရှိခဲ့ရာမှစွပ်စွဲပြစ်တင်မှုြု့ပုလုပ်ရန် ပြည်သူ့လွှတ်
တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြီးခဲ့သည့် ဇွန်လအတွင်း တင်ပြခဲ့သည်။

သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကထိုသို့မလုပ်ရန်
မေတ္တာရပ်ခံသဖြင့် ပြည်ခိုင်ဖြိုးပါတီဗဟို
ဋ္ဌာနချုပ်တွင် ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၄ ရက်နေ့က ပုသိမ်မြို့တွင် ပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ပြောဆိုသည်။

ယင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ၂ ပတ်အကြာတွင် ယခုတိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က တောင်းပန်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယခုလ၈ရက်နေ့မှစတင်သည့်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော
်၏စတုတ္ထပုံမှန်အစည်းအဝေး နောက်
ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ယင်းအစီအစဉ်များကိုထည့်သွင်းထားကြောင်းလွှတ်တော်၌သတင်းယူနေသည့် သတင်းထောက်က ပြောသည်။

ယနေ့နံနက်ပိုင်း လွှတ်တော်တွင်မူ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်မှာ အမေရိကန် ဧည့်သည်နှင့် တွေ့ဆုံရန်ရှိသဖြင့် နံနက်ပိုင်းခွင့် ပန်ကြားထားကြောင်းလည်း သိရှိရသည်။


ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေး ဆွေးနွေးတင်ပြကြမည့်
အကြောင်းအရာများ အနက် ကျုံပျော်မြို့နယ် ရှားခဲအင်း ကျေးရွာသားများအား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် အဆိုလည်း ပါဝင်ကြောင်းသိရှိရသည်။ ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ပါဝင်ဆွေးနွေးရန် စာရင်းပေးထားကြောင်းလည်း သိရသည်။
YPI

No comments:

Post a Comment