Sunday, October 14, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်၊ ၁၄ ဦးသေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသများ၌ အင်အားပြင်းထန်သော မုန်တိုင်းများ တိုက်ခတ်ခဲ့ရာ ဒေသခံ ၁၄ ဦး သေဆုံးပြီး ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ငါးဖမ်းသမား အမြောက်အမြား အပါအ၀င် ငါးဖမ်းလှေရာကျော် ပျောက်ဆုံး လျက်ရှိကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယင်းဒေသများ အတွင်းရှိ နေအိမ်ထောင်ကျော်နှင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့၍ သစ်ပင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုလဲခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment