Tuesday, October 2, 2012

နှစ်ကိုယ်ခွဲ ဇာတ်ရုပ်နဲ့ မိုးဟေကို


မိုးဟေကိုက “သစ္စာရှင်းတမ်း” ဇာတ်ကားမှာ ခန့်စည်သူ၊ ခင်သဇင်တို့နဲ့ သရုပ်ဆောင် ရိုက်ကူးနေပြီး နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တခြား တစ်ယောက်က ကိုယ့် မျက်နှာပုံစံကို ခွဲစိတ်ပြုပြင်ပြီး ကိုယ်နဲ့ သူနဲ့နှစ်ယောက် အပြိုင်ပုံစံ သရုပ်ဆောင် ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကား အတွက် မိုးဟေကိုရဲ့ ပြင်ဆင်ထားမှုတွေက “နှစ် ယောက်ပုံစံဆိုပေမယ့် တစ်ယောက်က ကိုယ့်အတိုင်း လာလုပ်တာ ဆိုတော့ ကိုယ့်ပုံစံပါပဲ။ တအားများများတော့ မဟုတ်ပါဘူး။ အဓိကက အိုက်တင်ရယ်၊ အဝတ်အစား ကာလာပြောင်းရ တာလေးတွေပါ။ တစ်ဆင်း(န်)တည်းမှာ နှစ်ကိုယ်ခွဲ အပြိုင်တစ်ယောက်တည်း လုပ်ရတယ်ဆိုတော့ အဝတ်အစား နှစ်စုံလုပ်ရတယ်။ အိုက်တင် လုပ်ရ တယ်။ နည်းနည်းတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်” လို့ ပြောပြပါတယ်ဒီဇာတ်ကားကို ဇာတ်ညွှန်းရက တည်းက အဝတ်အစားပိုင်းကို မြန်မာဝတ်စုံ ဝတ်ရမယ်ဆိုရင် ဘယ်လိုတွေ လိုက်ဖက်မလဲဆိုတာ စဉ်းစားပြီး ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးချုပ် ဖြစ်တယ်လို့ အဝတ်အစား စီစဉ် ထားမှုကို မိုး ဟေကိုက ပြောပြပါတယ်။ “မြန်မာဝတ်စုံ ဝတ်ရမယ်ဆိုရင် ဘယ်လိုတွေ ကိုယ်ဝတ်ပြီးပြီလဲ။ ဘယ်လို လိုက်မလဲလို့ စိတ်ကူးယဉ် ကြည့်တယ်။ ပြီးမှ ဒီဇိုင်နာ ကို သေချာပြောပြပြီး အပ်တာ။ ဖန်စီကတော့ ပေါ်ပင်ရော၊ ကိုယ်နဲ့လိုက်တာရော ဝတ်တယ်။ မြန်မာဝတ်စုံကျတော့ ပိုပြီး စိတ်ကူးယဉ်လို့ကောင်းတယ်။ ဝတ်ရတာလည်း ပိုနှစ် သက်တယ်။ ဇာတ်အပေါ် မူတည်ပြီး ဘယ်နှစုံလဲဆိုတာ လုပ်ရတယ်။ အဓိက ကတော့ ပုံစံကို ကိုယ်က စဉ်းစားပြီး ဒီဇိုင်နာက ကိုယ်လိုချင်တာကို ရအောင် ချုပ်ပေး တာ”လို့ မိုးဟေကိုက ပြောပြပါတယ်။
မေမွန်မောင် 
Popular News

No comments:

Post a Comment