Saturday, October 20, 2012

နဂါးကြီး ဟောင်ကောင်- ရန်ကုန် တိုက်ရိုက် ပြေးဆွဲမယ်

 Dragon Air အဖွဲ့သားများ၊ ဓာတ်ပုံ- mynetbizz.com

မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးပွင့်လင်းစ ပြုလာတဲ့ အချိန်မှာ ရန်ကုန်နဲ့ တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်း လိုင်းတွေလဲ တဖွဲဖွဲ တိုးချဲ့ပြေးဆွဲလာနေပါတယ်။

အခု နောက်ဆုံး တိုးချဲ့မယ့် လေကြောင်းလိုင်းကတော့ မကြာသေးခင် နှစ်ပိုင်းက Skytrax ရဲ့ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဟောင်ကောင်အခြေစိုက် Dragon Air ဟာ လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ပြီး ဟောင်ကောင်နဲ့ ရန်ကုန်ကို တိုက်ရုက် စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ သို့မဟုတ် တနင်္ဂနွေ ဆိုပြီး တပတ် ကို ၄ ကြိမ်အသွားအပြန် ပြေးဆွဲ သွားမှာဖြစ်ပြီး အခုဆိုရင် ရန်ကုန်နဲ့ တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်းလိုင်း ၂၂ ခုထိ ရှိသွားပြီလို့ နိုင်ငံပိုင် သတင်းစာတွေက ဆိုပါတယ်။ 

နဂါးကြီးဟာ အခုဆို ရန်ကုန်- ဟောင်ကောင်တိုက်ရိုက်ပျံသန်းမှုတွေနဲ့  ၂ နိုင်ငံ စီးပွားရေးအပြန်အလှန် အထောက်အပံ့ဖြစ်စေမယ်လို့ ဆိုပြီး လေယာဉ်တွေကတော့ ခရီးသည် ၃၆ ယောက်စာနဲ့ စတင်ပျံသန်း မှာ ဖြစ်ပါတယ်။
irrawaddy blog

No comments:

Post a Comment