Wednesday, October 17, 2012

အယ်လ်ဘာ - ပြင်သစ်အသင်းက ဒုတိယပိုင်းမှာ အရမ်းကို တောင့်တင်းခဲ့ပါတယ်

ပြင်သစ်အသင်း၏ ကစားဟန်ကို ချီးကျူးခဲ့သည့် အယ်လ်ဘာ
စပိန်အသင်း၏ နောက်တန်း ကစားသမား အယ်လ်ဘာမှ ပြင်သစ်အသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက် အသင်း၏ ဒုတိယပိုင်း ကစားဟန်မှာ လွန်စွာကောင်းမွန်ကြောင်း ၀န်ခံပြောဆို ခဲ့သည်။
စပိန်အသင်းသည် အဆိုပါ ပွဲစဉ်တွင် ရာမို့စ်၏ ပထမပိုင်း သွင်းဂိုးတစ်ဂိုးဖြင့် ပွဲကိုဦးဆောင်နိုင် ခဲ့သော်လည်း ပြင်သစ် တိုက်စစ်မှူး ဂီရော့ဒ်၏ မိနစ်(၉၀)တွင် သွင်းယူခဲ့သည့် နောက်ကျ သွင်းဂိုးကြောင့် သရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
“အသင်းက နိုင်ပွဲဆာလောင်နေပြီး ပြင်သစ်ကို အနိုင်ယူဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ပင်နယ်တီ တစ်လုံးကို လွဲချော်ခဲ့ပါတယ် အဲဒီအတွက် ပေးဆပ်ခဲ့ရတာက အရမ်းကို တန်ဖိုးကြီးပါတယ်။ ဒုတိယပိုင်း တစ်လျှောက်လုံး ပြင်သစ်အသင်းရဲ့ ကစားဟန်က အရမ်းကို တောင့်တင်းပါတယ်”ဟု အယ်လ်ဘာမှ ၀န်ခံပြောဆိုခဲ့သည်။
ပြင်သစ် နှင့် စပိန်အသင်းတို့ ကမ္ဘာ့ခြေစစ်ပွဲ၏ အုပ်စုအဆင့်တွင် ရမှတ်တူဖြင့် အုပ်စုထိပ်ဆုံးမှ ဦးဆောင်နေပြီး စပိန်အသင်းက ဂိုးကွာခြားချက်ဖြင့် အုပ်စု ပထမအဖြစ် ရပ်တည်နေသည်။ 
soccer weekly

No comments:

Post a Comment