Sunday, October 7, 2012

ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့သည့် အက်ရှ်လေးယန်း

ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ယန်း
မန်ယူ အသင်း၏ တောင်ပံ ကစားသမား အက်ရှ်လေးယန်းသည် ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ကာ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ကစားရမည့် စတုတ်စီးတီးနှင့် ပွဲစဉ်တွင် ပါဝင်ကစားရန်  ရှိနေသည်။
ယန်းသည် ပြီးခဲ့သော သြဂုတ်လမှ စတင်ကာ မန်ယူ အသင်းအတွက် ကစားပေးနိုင် ခဲ့ခြင်းမရှိသော်လည်း အသင်း၏ ဆေးဝန်ထမ်းများက ၎င်းသည် နိုင်ငံတကာ ပွဲစဉ်များ အပြီးတွင် ပြန်လည် ကစားနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ မန်ယူ အသင်းသို့ ယမန်နှစ် ရာသီက ယူရိုသန်း (၂၀)ဖြင့် ပြောင်းရွှေ့လာခဲ့သည့် အက်ရှ်လေးယန်းသည် ပွဲဦးထွက် ရာသီတွင် (၆)ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment