Tuesday, October 23, 2012

ဆင်းရဲနွမ်းပါးသည့် ပြည်သူများ၏ ဘဏ်စာရင်းထဲသို့ အိန္ဒိယအစိုးရ ထောက်ပံ့ငွေများ တိုက်ရိုက်လွှဲပြောင်းပေး


အိန္ဒိယနိုင်ငံရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူသန်းပေါင်းများစွာ၏ ဘဏ်စာရင်းများထဲသို့ တိုက်ရိုက်ငွေလွှဲပြောင်းမှု အစီအစဉ်များကို ၄င်းနိုင်ငံအစိုးရက လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံအတွင်း၌ လူမှုရေးဆိုင်ရာ အကူအညီပေးရေး စီမံကိန်းများတွင် လိမ်လည်မှုများနှင့် မရိုးသားမှုများ ဖြစ်ပွားလျက်ရှိသောကြောင့် ဒုက္ခရောက်နေကြသည့် ဆင်းရဲသား ဒုက္ခသည်များအတွက် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဆင်းရဲသားပြည်သူများအနေဖြင့် ဘဏ်စာရင်းထဲမှ ငွေစက္ကူများကို လွယ်ကူစွာ ထုတ်ယူနိုင်ရန်အတွက် အစိုးရအဖွဲ့မှ ထုတ်ပေးသော သက်သေခံကတ်ပြားများကို ပြည်သူများထံသို့ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက အောက်တိုဘာ ၂၀ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ သက်သေခံကတ်ပြားများ အသုံးပြု၍ ငွေထုတ်ယူနိုင်ရန်အတွက် အစိုးရသည် အီလက်ထရွန်နစ် စနစ်ဖြင့် ငွေလွှဲပြောင်းပေးနိုင်သည့် စီမံကိန်းများကို ပြည်နယ်ရှစ်ခုတွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယပြည်သူ သန်းပေါင်း ၂၄၀ နီးပါးသည် နှစ်နှစ်အတွင်း အစိုရကပေးအပ်သည့် သက်သေခံကတ်ပြားများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ဆင်းက ပြောကြားခဲ့သည်။ 
khitlunge

No comments:

Post a Comment