ဂျပန်နိုင်ငံ ကျွန်းများသို့ တိုင်ဖွန်းမုန်တိုင်း ဦးတည်လျက်ရှိ
အင်အားပြင်း
တိုင်းဖွန်းမုန်တိုင်း ဂျီလာဝပ်သည် ဂျပန်နိုင်ငံ၏ အဓိကကျွန်းများသို့
ဦးတည်လျက်ရှိကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီက စက်တင်ဘာ ၃၀ ရက်
နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဂျီလာဝပ်သည်
ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်က နိုင်ငံအနောက်တောင်ပိုင်း
ကိုချီစီရင်စုတောင်ဘက် ၂၂၀ ကီလိုမီတာခန့်အကွာ ရေပြင်တွင်တည်ရှိခဲ့ပြီး
တစ်နာရီ ၄၅ ကီလိုမီတာနှုန်းဖြင့် နိုင်ငံအရှေ့မြောက်ပိုင်းသို့
ဦးတည်နေကြောင်း သိရသည်။ တိုင်းဖွန်းမုန်တိုင်းကြောင့်
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့်
ရေကြီးမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သ အာဏာပိုင်များက သတိပေးချက်
ထုတ်ပြန်ထားသည်။
khitlunge
No comments:
Post a Comment