Friday, October 26, 2012

တစ်ချုံကွယ်တစ်မယ်မေ့သူ ဂျက်စတင်ဘီဘာ


ကမ္ဘာကျော် ဆယ်ကျော်သက် ပေါ့(ပ်) အဆိုတော် ဂျက်စတင်ဘီဘာက အဆိုတော်မလေး ကာလီရေးဂျက်ဆင် နဲ့အတူ အောက်တိုဘာ ၁၆ ရက်က ကနေဒါနိုင်ငံ Saskatoon မြို့မှာ ဖျော် ဖြေခဲ့ပါတ
ယ်။ ဂျက်စတင်ဘီဘာက ဆလီနာဂိုမက်(ဇ်)နဲ့ ချစ်သူတွေ ဖြစ်နေကြပေမယ့် ဖျော်ဖြေပွဲ ညမှာတော့ မျက်စိထဲ မှာ ကာလီတစ်ယောက်ကိုပဲ မြင်နေပုံပါပဲ။
ဂျက်စတင်က ကာလီရဲ့ "Beautiful" သီချင်းကို စုံတွဲသီဆိုခဲ့ပြီး သီချင်း ဆိုနေတဲ့ အချိန်မှာလည်း ကာလီရဲ့လက်ကို ကြင်ကြင် နာနာ ကိုင်ထား ပါသေးတယ်။ ကာလီကလည်း ဂျက်စတင်ရဲ့ ညှို့မျက်ဝန်း အစုံ အောက်မှာ ရှက်နေ ပုံရပါတယ်။
သူတို့နှစ်ဦးက ဇန်နဝါရီလ အထိ ကမ္ဘာလှည့်ဖျော် ဖြေပွဲတွေ ဆက် လုပ် သွားမှာပါ။ ဆလီနာဂိုမက်(ဇ်)က တော့ ဂျက်စတင်ကို တစ်ချုံကွယ် တစ်မယ်မေ့လို့ထင်တော့မှာပဲ။
Popular facebook

No comments:

Post a Comment