Monday, October 29, 2012
အနာဂတ်စစ်ပွဲများအတွက် စက်ရုပ်စစ်သည်များ ပင်တဂွန်စမ်းသပ်
လာမည့်အနာဂတ် စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်နိုင်ရန်အတွက် စက်ရုပ်စစ်သည်များကို တီထွင်ထုတ်လုပ်ရန် နည်းပညာစမ်းသပ်ပွဲတစ်ခုကို ပင်တဂွန်စစ်ဌာနချုပ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ The DARPA Robotics Challenge (DRC) ဟု အမည်ပေးထားသော အဆိုပါ စက်ရုပ်တီထွင်မှုနည်းပညာ စမ်းသပ်ပွဲကို ဗာဂျီးနီးယားပြည်နယ် ဘာလင်တန်မြို့ရှိ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် သုတေသန စီမံကိန်းဌာန (DARPA)၏ ဆွေးနွေးပွဲ ခန်းမတွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ စမ်းသပ်ရာတွင် အသုံးပြုခဲ့သည့် စက်ရုပ်များကို လူသားအသွင်သဏ္ဌာန် ပုံစံအမျိုးမျိုးဖြင့် တီထွင်ထုတ်လုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သာမက စစ်ပွဲများတွင်ပါ အသုံးပြုနိုင်ရန် တီထွင်ထားကြောင်း သိရသည်။ ၄င်းစက်ရုပ်များကို ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ၄င်းတို့ကို ထုတ်လုပ်ရန်အတွက် DARPA က အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ အကုန်အကျခံ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment