Thursday, October 18, 2012

ဂျပန်ခရီးသွားမည့် ခရီးသွားများ အခမဲ့လေယာဉ်လက်မှတ်များပေး


အရှေ့တရုတ်ပင်လယ်အတွင်းတရုတ်နှင့်ဂျပန်တို့ကျွန်းပိုင်ဆိုင်မှုအငြင်းပွားခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်များ ပယ်ဖျက်ထားရာမှ ယခုအခါ တရုတ်လေကြောင်းစပရင်က လက်မှတ်အရောင်းမြှင့်တင်သည့်အနေဖြင့် ဂျပန်သို့ သွားမည့်ခရီးသွားများအတွက် အခမဲ့လေယာဉ်လက်မှတ်များ ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်က အာရှဝမ်း သတင်းဌာနက ထုတ်ပြန်သည်။ အဆိုပါ လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သည်။ ၄င်းလေကြောင်းလိုင်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဖူတုန်းလေဆိပ်မှ ဂျပန်နိုင်ငံ ဆာဂါစီရင်စုတို့အကြား အသွားအပြန် ခရီးသည်အတွက် အခမဲ့လက်မှတ်များပေးရန် ကမ်းလှမ်းလျက်ရှိသည်။ ဆာဂါစီရင်စုသည် ဂျပန်တောင်ပိုင်း ဖူကူအိုကာမြို့အနီး၌ တည်ရှိသည်။ အဆိုပါခရီးစဉ်အတွက် အသွားအပြန် လေယာဉ်လက်မှတ် ကုန်ကျစရိတ်သည် ယွမ် ၂၉၃ မှ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာမှ ၄၈၀ အထိ) ရှိသည်။
khitlunge

No comments:

Post a Comment