Tuesday, October 16, 2012
အစ္စရေးကွန်ပျူတာကွန်ရက်များအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ရန် အီရန်ဟက်ကာများ ကြိုးပမ်း
အီရန်ဟက်ကာများသည်အစ္စရေးကွန်ပျူတာကွန်ရက်များအတွင်းထိုးဖောက်ဝင်ရောက်နိုင်ရန် နေ့စဉ်နှင့်အမျှ ကြိုးစားလျက်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရ၀က်ဘ်ဆိုက်များအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းမှုမှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်ဟု အပတ်စဉ်ပြုလပ်လေ့ရှိသော ၀န်ကြီးများဆွေးနွေးပွဲအတွင်း၌ နေတန်ယာဟုက ပြောကြားခဲ့သည်။ မိမိတို့နိုင်ငံတွင် စစ်သွေးကြွများနှင့် အကြမ်းဖက်သမားများ ပစ်ခတ်သော ဒုံးကျည်များကို ကာကွယ်နိုင်သည့် Iron Dome ဒုံးကျည်ကာကွယ်ရေး စနစ်များရှိသကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများကိုလည်း ခုခံကာကွယ်နိုင်သည့် ဆိုက်ဘာကာကွယ်ရေး စနစ်များကိုလည်း ပိုင်ဆိုင်ရလိမ့်မည်ဖြစ်သည်ဟု ၄င်းက ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment