ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
ထိုင်းနိုင်ငံတောင်ပိုင်း
ယာလာပြည်နယ် မြောင်ခရိုင်တွင် အောက်တိုဘာ ၇ ရက်က လမ်းဘေးဗုံး
ပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအ၀င် သုံးဦး
ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ
လမ်းဘေးဗုံးပေါက်ကွဲမှုမှာ တမ်ဘွန်ယာလာမြို့
နန်ယာဟာလမ်းမကြီးဘေးတွင်ဖြစ်ပြီး ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၁၀
နာရီခွဲခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဗုံးဖောက်ခွဲမှုမှာ
အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
khitlunge
No comments:
Post a Comment