Wednesday, October 3, 2012

လမ်းပတ် နှင့် တယ်ရီတို့ကဲ့သို့ ချယ်လ်ဆီးအသင်း၏ ဂန္တ၀င် ကစားသမားဖြစ်လာရန် ပစ်မှတ်ထားနေသည့် အော်စကာ

လမ်းပတ် နှင့် တယ်ရီတို့၏ လမ်းစဉ်ကို လိုက်လိုနေသည့် အော်စကာ
ချယ်လ်ဆီး အသင်း၏ ကစားသမားသစ် အော်စကာသည် တယ်ရီ၊ လမ်းပတ်တို့၏ ခြေရာကို နင်းနိုင်ရန် ပစ်မှတ်ထားနေပြီး အသင်း၏ ဂန္တ၀င် ကစားသမား ဖြစ်လိုကြောင်း သိရသည်။
အော်စကာသည် ယင်း၏ ပွဲဦးထွက် ပွဲစဉ်မှာပင် ခြေစွမ်းပြဂိုးများ သွင်းယူပြီးနောက် ချယ်လ်ဆီး အသင်း၏ အဓိက ကစားသမား အဖြစ် နေရာရလာသူ ဖြစ်သည်။
“ချယ်လ်ဆီး အသင်းမှာ တယ်ရီ၊ လမ်းပတ်တို့ရဲ့ ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့နှစ်ဦးဟာ အသင်းမှာ ကောင်းမွန်တဲ့ ကစားသမား ဘ၀တွေကို ဖြတ်သန်းခဲ့သူတွေပါ ပြီးတော့ အသင်းရဲ့ အရေပါတဲ့ ကစားသမားတွေ ဖြစ်သလို အရမ်းကို လေးစားဖို့ ကောင်းတဲ့ ကစားသမားတွေပါ”ဟု အော်စကာမှ ယင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment