Saturday, October 20, 2012

တောင်ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်း၌ ကုန်တင်သင်္ဘောမှောက်၊ ငါးဦးသေဆုံး


မလေးရှားအလံစိုက်ထူထားသောကုန်တင်သင်္ဘောတစ်စင်းသည် တောင်ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်း တောင်
ပိုင်းကမ်းလွန်၌ အောက်တိုဘာ၁၈ရက်ကတိမ်းမှောက်ခဲ့ရာသင်္ဘောသားငါးဦးသေဆုံးသွားခဲ့ကြောင်း တောင်ကို
ရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။အဆိုပါကုန်တင်သင်္ဘောသည် ဂျေဂျူးကျွန်းအနောက်ဘက် ၂၇ ဒသမ ၇ ကီလိုမီတာအကွာ ဒေသစံတော်ချိန် ၁၂ နာရီ ၂၆ မိနစ်၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောသား ၁၁ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာ ယွတ်ဟတ်က ပြောကြားသည်။ သေဆုံးသူ သင်္ဘောသားငါးဦးတွင် ဖိလစ်ပိုင်မှ သုံးဦးဖြစ်ပီး တရုတ်မှ နှစ်ဦးဖြစ်ကြောင်း သိရသည်။ ယင်းသင်္ဘောသည် တောင်ကိုရီးယားမှ စင်ကာပူနိုင်ငံသို့ ဦးတည်ခုတ်မောင်းစဉ် ဂျေဂျူးကမ်းလွန်၌ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က အမြန်ဆုံး ကယ်ဆယ်ရေး ရေယာဉ်လွတ်ပြီး ကယ်ဆယ်နိုင်သည့်အတွက် သေဆုံးသူ နည်းခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

Post a Comment