Sunday, October 21, 2012

ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲက သမ္မတ ဦးသိန်းစိန်ထံ လာရောက်တွေဆုံ


ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်တဲ့ အဖွဲ့ ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီကျော်က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်ရှိသမ္မတ ဧည့်ခမ်း မမှာ တွေ့ဆုံကြပါတယ်။ 

အခုလို တွေ့ဆုံကြရာမှာ ၂ နိုင်ငံ အပြန်အလှန်ဆက်သွယ်ရေးနဲ့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲမှာ လိုအပ် တဲ့ ကဏ္ဍတွေမှာ ဗြိတိန်ဘက်က ကူညီပေးရေးတွေလည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေ က ကြေညာသွားပါတယ်။ 

မစ္စတာ တိုနီဘလဲ ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံကြရာမှာ သမ္မတနှင့် အတူ အစိုးရ ၀န်ကြီးတွေဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာ မြအေး၊ ဒေါက်တာ ဖေသက်ခင်၊ ဒေါက်တာ ကိုကိုလေး စတဲ့ သူတွေလည်း ပါဝင်ခဲ့ပါတယ်။ 

ဆက်လက်ပြီး မစ္စတာ တိုနီဘလဲ ဦးဆောင်တဲ့ အဖွဲ့ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့လည်း ထပ်မံတွေ့ဆုံကြတယ်လို့ ဆိုပါတယ်။ 
irrawaddy blog

No comments:

Post a Comment