Sunday, October 7, 2012

နောက်တစ်ကြိမ် ခြေစွမ်းပြပေါက်ကွဲရန် ရွန်းနီအသင့်ဖြစ်နေပြီဟု ဖာဂူဆန်ဖွင့်ဟ

 မကြာမီတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်မည်ဟု ဖာဂူဆန်မှ ယုံကြည်နေသည့် ရွန်းနီ
မန်ယူနည်းပြ ဖာဂူဆန်မှ အသင်း၏ တိုက်စစ်မှူး ရွန်းနီသည် ပေါင်ဒဏ်ရာမှ အပြည့်အ၀ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် နောက်တစ်ကြိမ် ခြေစွမ်းပြ ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဟု မိမိ ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ရွန်းနီသည် ယခုနှစ် ရာသီအစတွင် စိုးရွားသော ပေါင်စုတ်ပြဲ ဒဏ်ရာနှင့် အတူခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူ ဖြစ်သည်။ သို့သော်လည်း မန်ယူနည်းပြ ဖာဂူဆန်က ရွန်းနီသည် ယခုအခါတွင် ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည် ရရှိလာပြီ ဖြစ်ကာ လေ့ကျင့်ရေးကွင်းတွင် ပြသခဲ့သည့် ခြေစွမ်းအရ ယမန်နှစ်က ခြေစွမ်းမျိုး ထပ်မံပြသနိုင်မည်ဟု ယူဆနေကြောင်း သိရသည်။
“ရွန်းနီက ကြံ့ခိုင်မှု ပြည့်ဝလာပါပြီ။ လေ့ကျင့်ရေးကွင်းမှာလည်း သူအကောင်းဆုံး လုပ်တောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်အထင်အရ ပွဲအနည်းငယ် အတွင်းမှာပဲ သူဂိုးပြန်သွင်းနိုင် ပါလိမ့်မယ်။ ရွန်းနီ နဲ့ ဗန်ပါစီက တစ်ယောက်ကို ဂိုး(၂၀)သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဖာဂူဆန်မှ ခန့်မှန်းပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment