Monday, October 22, 2012

ပလူတိုဂြိုဟ်အနီးတွင် အရံလသစ်နှစ်စင်း ထပ်မံတွေ့ရှိ


ပလူတိုဂြိုဟ်အနီးတွင် အရံလသစ်နှစ်စင်းကို ထပ်မံရှာဖွေတွေ့ရှိကြောင်း နာဆာမှ စေလွှတ်သည့် နယူးဟော်ရီဇွန် အမည်ရှိ လေ့လာရေးယာဉ်မှ ပေးပို့သော ဓာတ်ပုံနှင့် သတင်းအချက် အလက်များအရ သိရှိရသည်။ ပလူတိုဂြိုဟ်နှင့် အခြားကြယ်တာရာများကို လေ့လာရန် နာဆာမှ လွှတ်တင်ထားသော ၄င်းနယူးဟော်ရီဇွန် အာကာသယာဉ်သည် အာကာသ၌ ကိုးနှစ်ခွဲကြာ လှည့်လည်သုတေသနပြုမည့် အာကာသယာဉ်ဖြစ်သည်။ ယင်းအာကာသ လေ့လာရေး ယာဉ်သည် ယခုအခါ အာကာသ၌ ခုနစ်နှစ်ခန့်ကြာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယခုထပ်မံတွေ့ရှိရသည့် ပလူတို၏ အရံလများကြောင့် ယခင်တွေ့ရှိခဲ့သော အရံလ အရေအတွက်များနှင့်ဆိုလျှင် ပိုမိုတိုးမြင့်လာပြီဖြစ်ကြသည်။ ယခုအရံလသစ်နှစ်စင်းမှာ ပလူတိုဂြိုဟ်နှင့် နီးကပ်သော အကွာအဝေးတွင် ရှိနေသည်။ ပလူတိုဂြိုဟ်တွင်  အရံလများ ထပ်မံတွေ့ရှိနိုင်ဖွယ်ရှိကြောင်း၊ နယူးဟော်ရီဇွန် အာကာသလေ့လာရေးယာဉ်ကလည်း စူးစမ်းရှာဖွေလျက်ရှိကြောင်း နာဆာ အာကာသသုတေသန ပညာရှင်များက ပြောကြားသည်။
khitlunge

No comments:

Post a Comment