Friday, October 19, 2012
ကမ္ဘာပေါ်တွင် စမတ်ဖုန်းသုံးစွဲသူ သန်းတစ်ထောင်ကျော်ရှိပြီ
ကမ္ဘာပေါ်တွင် စမတ်ဖုန်းသုံးစွဲသူ အရေအတွက်သည် သန်းတစ်ကျော်ရှိသွားပြီဖြစ်ကြောင်း၊ ယင်းမှာ ဈေးကွက်သို့ စမတ်ဖုန်းများ ပထမဆုံးရောက်ရှိလာပြီး ၁၆ နှစ်အကြာ သန်းတစ်ထောင်ကျော် သုံးစွဲသူရှိလာခြင်းဖြစ်ကြောင်း အိုင်တီဆိုင်ရာ မဟာဗျူဟာလေ့လာ သုံးသပ်ရေးအဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ စမတ်ဖုန်းသုံးစွဲသူ အရေအတွက်သည် ၂၀၁၁ ခုနှစ်က သန်း ၃၀၀ ခန့်သာ ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် အစောပိုင်း ဒုတိယသုံလးပတ်တွင် စမတ်ဖုန်းသုံးစွဲသူ ၇၉ သန်း ထပ်မံတိုးလာခဲ့ကြောင်း သိရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် လူခုနစ်ဦးလျှင် တစ်ဦးနှုန်း စမတ်ဖုန်းအသုံးပြုလျက်ရှိကြောင်း ၄င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အနာဂတ်စမတ်ဖုန်းဈေးကွက်သည် ပိုမိုကြီးထွားလာနိုင်ကြောင်း တရုတ်၊ အိန္ဒိယနှင့် အာဖရိကတို့တွင် ဈေးကွက်သစ်များ ပေါ်ထွက်လာနေကြောင်း သိရသည်။ လာမည့် သုံးနှစ်အတွင်း ကမ္ဘာတစ်ဝန်း စမတ်ဖုန်းသုံးသူ အရေအတွက်သည် သန်းနှစ်ထောင်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။
khitlunge

No comments:
Post a Comment