Sunday, October 14, 2012
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်တွင် အင်အားပြင်းငလျင်လှုပ်
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်အစွန်ဆုံးရှိ ပါပူဝါပြည်နယ် ကမ်းလွန်တွင် အောက်တိုဘာ ၁၂ ရက်က ပင်လယ်ရေအောက်ကြမ်းပြင် အနက် ၂၂ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ သုည ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် ဒိုဘိုဒေသရှိ အစိုးရရုံး အဆောက်အအုံ အများအပြား ပျက်စီးပြီး ယင်းဧရိယာနယ်မြေအတွင်း အခြားလူနေအဆောက်အအုံ အချို့လည်း ပျက်စီးခဲ့ကြောင်း၊ ၄င်းတို့၏ နေအိမ်များရှိ ပြတင်းပေါက်များလည်း လွင့်ထွက်သွားခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးနှင့် သက်သာလျော့ပါးရေး ဌာနမှအရာရှိများကလည်း အဆိုပါ ငလျင်လှုပ်ပြီးနောက် ပျက်စီးမှု ကိန်းဂဏန်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့်လက ဆူမတြားကျွန်းကမ်းခြေတွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်မှုကြောင့် တစ်ဦးသေဆုံးခဲ့သည်။
khitlunge

No comments:
Post a Comment