Saturday, October 20, 2012

အနာဂတ် အတွက် ဘိုအာ့စ်နှင့် ဆွေးနွေးရန် အဒီဘာယော ဆန္ဒရှိနေ


ကလပ် အသင်းတွင် မပျော်မရွှင် ဖြစ်နေသည့်နောက် အနာဂတ် အတွက် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်နှင့် တိုက်ရိုက် ဆွေးနွေးသွားရန် အီမန်နျူရယ်လ် အဒီဘာယောက အလိုရှိနေကြောင်း သိရသည်။
တိုဂို လက်ရွေးစင် တိုက်စစ်မှူးသည် ဘိုအာ့စ် လက်ထက်တွင် စပါး၌ ပွဲထွက်နေရာ ပျောက်ဆုံးနေခဲ့ရသည်။ အဒီဘာယောသည် ယမန်နှစ် ဘောလုံးရာသီက မန်နေဂျာ ဟယ်ရီရက်နပ် လက်အောက်၌ အငှား လာကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ ထို့နောက် နွေရာသီတွင် မန်ချက်စတာ စီးတီးမှ အပြီးသတ် ပြောင်းရွှေ့လာခဲ့ပြီး ဘိုအာ့စ် တာဝန်ယူသည့် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးနေခြင်း ဖြစ်သည်။ အာဆင်နယ်နှင့် မိုနာကို တိုက်စစ်မှူးဟောင်း အဒီဘာယောသည် လက်ရှိ ဝှိုက်ဟတ်လိန်းတွင် ကျင်လည်ရသည့် အနေအထားကို စိတ်ပျက်နေကြောင်း သတင်းများက ဆိုသည်။
အဒီဘာယောသည် ဘိုအာ့စ် လက်အောက်တွင် (၃)ပွဲသာ လူစားဝင် ပါဝင် ကစားရသေးသည်။ ဘိုအာ့စ်သည် ပုံစံကောင်း ရနေသည့် အင်္ဂလန် တိုက်စစ်မှူး ဂျာမိန်းဒီဖိုးကိုသာ ဆက်တိုက် အသုံးပြုနေသည့် အတွက် အဒီဘာယောသည် မန်နေဂျာနှင့် ဆွေးနွေးရန် လိုလားနေခြင်း ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ အဒီဘာယောသည် ဒဏ်ရာ ပြဿနာကြောင့် ခြေစွမ်း အမြင့်ဆုံး အနေအထား မရောက်ဘဲ ရှိနေခြင်းကလည်း ၎င်းအတွက် အခက်အခဲ တစ်ခုသဖွယ် ဖြစ်နေသည်။ အဒီဘာယောသည် ကြံ့ခိုင်မှု သီးခြား အစီအစဉ် တစ်ခုဖြင့် မြန်နှုန်း အမြင့်ဆုံး ပြေးလွှားနိုင်ရန် လေ့ကျင့်နေသော်လည်း တံကောက်ကြော နာကျင်မှုကြောင့် တိုးတက်မှု နှောင့်နှေးနေကြောင်း သိရှိရသည်။ 
soccer myanmar

No comments:

Post a Comment