Friday, October 26, 2012

စတမ်းဖို့ဒ် ဘရစ်ဂ်ျ ပွဲစဉ်တွင် ကိုးလ်နှင့် ဖာဒီနန် လက်ဆွဲ နှုတ်ဆက်ရန် သဘောတူ


ချယ်လ်ဆီး အသင်း နောက်ခံလူ အက်ရှ်လေကိုးလ်နှင့် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယို ဖာဒီနန်တို့သည် တနင်္ဂနွေနေ့ စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ရင်ဆိုင်မည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ လက်ဆွဲ နှုတ်ဆက်ကြမည်ဟု သိရသည်။
ဖာဒီနန်၏ ညီဖြစ်သူ အန်တန်ဖာဒီနန်ကို ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက လူမျိုးရေး ခွဲခြားမှုတွင် တယ်ရီဘက်မှ သက်သေ ထွက်ခဲ့သည့် ကိုးလ်အား ဖာဒီနန်က အပြင်ကမည်းပြီး အတွင်းက ဖြူသူအဖြစ် လှောင်ပြောင် ခဲ့ဖူးသည်။ အင်္ဂလန် လက်ရွေးစင် အသင်းတွင် အသင်းဖော်များ ဖြစ်ခဲ့ဖူးသည့် ကစားသမား နှစ်ဦးကြား ပြဿနာများ ရှိခဲ့သော်လည်း ယင်းတို့ကို မေ့ဖျောက်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ တိုက်ပွဲတွင် လက်ဆွဲ နှုတ်ဆက်ကြမည် ဖြစ်သည်။
ကိုးလ်သည် QPRနှင့် ဂိုးမရှိ သရေ ကျခဲ့သည့် ပွဲစဉ်တွင် အန်တန်က လက်ဆွဲ နှုတ်ဆက်ရန် မျက်ကွယ်ပြုခြင်း ခံခဲ့ရသည်။ မန်ယူနှင့် ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားမှု အတွက် (၄)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ တယ်ရီမှာမူ ပါဝင်မည် မဟုတ်ချေ။ ကိုးလ်သည် ယခု ကိစ္စအတွက် ချယ်လ်ဆီး မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုနှင့်လည်း ကြိုတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာ ကာလသည် ဖာဒီနန် ညီအစ်ကိုနှင့် ချယ်လ်ဆီး ကစားသမား နှစ်ဦးတို့ကြား ရှုပ်ထွေးသော ဆက်နွယ်မှုများဖြင့် တင်းမာခဲ့သော်လည်း လာမည့် ပွဲစဉ်တွင်မူ ကိုးလ်နှင့် ဖာဒီနန်တို့ လက်ဆွဲနှုတ်ဆက် ကျေအေး သွားမည်ဟု သတင်းများက ဖော်ပြသွားသည်။  
soccer myanmar

No comments:

Post a Comment