Wednesday, October 24, 2012

မန်စီးတီးကို (၁၀)စက္ကန့် အတွင်း ငြင်းဆန်ခဲ့ဖူးသည့် အဲရစ်ခ်ဆန်

မန်စီးတီးကို ငြင်းဆန်ခဲ့ဖူးသည့် အဲရစ်ခ်ဆန်

မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့နိုင်မည့် အခွင့်အရေးကို ခရစ္စတီယန် အဲရစ်ခ်ဆန်က (၁၀)စက္ကန့် အချိန်အတွင်း ငြင်းပယ်ခဲ့ဖူးကြောင်း သိရှိရသည်။
နယ်သာလန် ချန်ပီယံ အေဂျက်စ် အမ်စတာဒမ် အသင်းတွင် ကစားနေသော ဒိန်းမတ် လက်ရွေးစင် လူငယ် ကွင်းလယ် ဖန်တီးရှင်အား မန်စီးတီးက (၂၀၁၁)ခုနှစ်တွင် ချိတ်ဆက်ခဲ့ဖူးသည်။ ထိုစဉ်က အဲရစ်ခ်ဆန်သည် ဆာဒီနီရာတွင် အနားယူ အပန်းဖြေနေပြီး မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ၎င်းနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာခဲ့သည်။ သို့သော်လည်း အဲရစ်ခ်ဆန်သည် မန်စီးတီးအကြောင်း (၁၀)စက္ကန့်သာ အချိန်ယူ စဉ်းစားကာ ကစားသမား၏ အေးဂျင့် မာတင် စကွတ်က ပြောဆိုသွားသည်။
"သူက ပိုက်ဆံကိစ္စ စိတ်ဝင်စားတဲ့သူ မဟုတ်ဘူးလေ"ဟု စကွတ်က ဆိုသည်။ "ဒါကြောင့်လည်း နယ်သာလန်မှာပဲ ဘောလုံး ဆက်ကစားဖို့ အဲရစ်ခ်ဆန်က ရွေးချယ်လိုက်တယ်။ သူအလေးထားတာက သူ့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုပါ။ အေဂျက်စ်မှာ ဒီအခွင့်အရေးကို သူရလိမ့်မယ်။ ပြီးတော့ အသင်းနည်းပြ ဖရန့်ခ်ဒီဘိုးဝါးနဲ့လည်း အကောင်းဆုံး ဆက်ဆံရေး ရှိနေပြီး အမ်စတာဒမ်မြို့မှာ အခြေကျနေတယ် ဆိုတဲ့ အချက်တွေကြောင့် မန်စီးတီးကို သူလွယ်လွယ်ပဲ ငြင်းလိုက်တာပါ"ဟု စကွတ်က ရှင်းပြခဲ့သည်။

၎င်းက "တကယ်တမ်း တွေးကြည့်ရင် မန်စီးတီးအကြောင်း အဲရစ်ခ်ဆန် စဉ်းစားလိုက်တာ (၁၀)စက္ကန့်ထက် မပိုပါဘူး"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။ အဲရစ်ခ်ဆန်သည် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် မန်စီးတီးနှင့် ရင်ဆိုင် ကစားသွားမည် ဖြစ်သည်။  
soccer myanmar

No comments:

Post a Comment