Friday, October 26, 2012

အနုပညာရှင်ဟာ ခိုင်မာတဲ့နေရာ၊ ရာထူး အတိအကျမရှိဘူးလို့ဆိုလာသူ အေးမြတ်သူ


၉၂ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့မှာ အနုပညာလောကမှ ရုပ်ရှင် သရုပ်ဆောင်ေ လာက သားများ စည်းလုံးညီညွတ်စွာနဲ့ ပါဝင်တက် ရောက် ခဲ့ကြပါတယ်။ မြန်မာ့ ရုပ်ရှင် ၉၂ နှစ် ပြည့်မြောက် လ
ာချိန်မှာ ပွင့်လင်းလာ တာနဲ့အမျှ ခေတ် သစ်၊ စနစ်သစ်၊ အမှုဆောင်သစ် လက် ထက်မှာ ပြောင်းလဲမှုတွေ လည်းလုပ် လာပါတယ်။ ရုပ်ရှင်သက်ကြီး ပူဇော်ကန်တော့ပွဲ ကျင်းပတဲ့ ရုပ်ရှင်နေ့မှာ တက်ရောက်လာတဲ့ ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူက သူ့ရဲ့ အမြင်ကိုလည်း အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ “ကိုယ်တွေ မကြုံမဆုံဖြစ် ခဲ့တဲ့ ဝါရင့်ပညာရှင် ကြီးတွေကို ထိုင်ကန်တော့ ခွင့်ရတာ တအားကို ပီတိဖြစ်တယ်။ ဒီလို ပညာ ရှင်တွေ ကန် တော့ခွင့်ရဖို့ဆိုတာမလွယ်ဘူး။ ဒီ နှစ်မှာ တော်တော်စုံတယ်။ ပျော်လည်းတအား ပျော် တယ်။ အထူးသဖြင့် ဘဘဗိုလ်ကလေး တင့် အောင် ပြောတဲ့’ပင် စင် မဲ့ လူ’ဆိုတာ သိပ်မှန်တဲ့စကားပဲ။ အနုပညာ သမားေ တွဟာ ပင်စင်စားတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အသက်ကြီး လာတာနဲ့အမျှ ဘဝ အာမခံ ချက် ဆိုတာလည်း မရေရာဘူး။ ဒီစကားကြားရတာ အေးမြတ်သူ အတွက် တကယ့် အဖိုး မဖြတ်နိုင်တဲ့ စကားပါ။ ပြီးတော့ တစ်ချိန်က ရုပ်ရှင်မှာ အပြိုင် အဆိုင် သရုပ်ဆောင်ခဲ့တဲ့မေမေတွေ၊ဖေဖေတွေကို ခုတွေ့ရင်တော့အပြင်မှာ တကယ်တစ်ဦးနဲ့ တစ်ဦးချစ်ရှာပါလား။အသက်တွေသာကြီး ကြတာငယ်ငယ် ကပုံရိပ်တွေ အတိုင်းပါပဲ” ဟုပြောပြခဲ့ပါတယ်။ဆက်လက်ပြီးအေးမြတ်သူက သူ့ရဲ့အနုပညာနဲ့ ပတ်သက်ပြီး ခံယူချက်ကို ပြောပြခဲ့ပါတယ်။ အနု ပညာ ရှင်တွေဟာ ခိုင်မာတဲ့နေရာ၊ ရာထူးအတိ အကျမရှိဘူး။ အတက် အကျ တ အားမြန်တယ်။ ဒါကြောင့်အနုပညာကို တကယ် ဝါသနာမပါဘဲနဲ့ စီး ပွားရေး အရ လုပ်မယ်ဆိုရင်တော့ ဝင်မလာတာ အကောင်းဆုံးပဲ။ ခြေချမိပြီဆို ရင် လည်း ဖြစ်မြောက်အောင် လုပ်ဆောင်ပါ” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
Popular facebook

No comments:

Post a Comment