Saturday, October 13, 2012

ကန်ဒေါ်လာအနွမ်းကိုင်ဆောင်သူများ စိတ်အေးရပြီ

ပြည်တွင်းတရားဝင်ဖွင့်လှစ်ပြီး ရောင်းဝယ်ဖောက်ကားခွင့်ရရှိသော ငွေလဲလှယ်ကောင်တာများ၌ဟောင်းနွမ်းနိုင် ငံခြားငွေအချို့ကို ပေါက်ဈေးထက်အနည်းငယ်လျှော့ပြီးဝယ်ယူနိုင်အောင်စီစဉ်သွားမည်  ဖြစ်ကြောင်း မြန်မာနိုင်ငံ
တော်ဗဟိုဘဏ်က သိရှိရသည်။
 
လက်ရှိတွင် ပြည်တွင်းရောင်းဝယ် ဖောက်ကားလျှက်ရှိသောအမေရိကန် ဒေါ်လာအချို့သည် ဟောင်းနွမ်းမှုများ ဖြစ်
ပေါ်နေပြီးထိုဒေါ်လာများကိုသက်ဆိုင်ရာဘဏ်အသီးသီးမှဖွင့်လှစ်ထားသော နိုင်ငံခြားငွေလဲကောင်တာများနှင့် ပြည်
တွင်ရှိ ပုဂ္ဂလိကဘဏ်များမှပြန်လည်လဲလှယ်ရာတွင်အနည်းငယ်ခက်ခဲနေခြင်းများကြောင့်ယခုကဲ့သို့ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်။
 
ယခင်က ငွေလဲလှယ် ကောင်တာများ၌ ဟောင်းနွမ်းနိုင်ငံခြားငွေအချို့ကို လက်မခံနိုင်ခြင်းမှာ ဟောင်း နွမ်းငွေကို လက်ခံပြီး ၀ယ်သူထံကို ပြန်ပေးသည်အခါ လက်မခံခြင်းနှင့် အမေရိကန်မှ ဆန်ရှင်ပိတ်ထား မှုကြောင့် လက်မခံနိုင်ခြင်း ဖြစ်ဟု သိရှိရသည်။
 
အခုအခါ အမေရိကန် ဆန်ရှင်အနည်းငယ် ပွင်းလင်းမှုရှိလာသည့်အတွက် ရရှိလာသော နိုင်ငံခြားငွေ များအား ဘဏ်များ၌ ပြန်လည်ရောင်းချလို့ ရလာခြင်းကြောင့် အခုလိုဟောင်းနွမ်းငွေတွေကို လက်ခံ ပေးဖို့ အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း (၁၄၃) ကြိမ်မြောက်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင် ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
 
“ဒီလို ဆောင်ရွက်ဖို့ကိုတော့ လက်ရှိမှာ ပုဂ္ဂလိက ဘဏ်တွေကို တိုက်တွန်းထားဆဲသာရှိသေးပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။
 
 အခုလို စီစဉ်ခြင်းသည်  သုံးစွဲသူများနှင့် ရောင်းချသူများအတွက်ပါ ပိုမိုအဆင်ပြေစေရန်ဖြစ်ကြောင်း ကိုလည်း သိရသည်။
 
ယခင်က အရောင်အထင်းစွန်းသည့် ကန်ဒေါ်လာများကို ဘဏ်တွေမှ လုံးဝ လက်မခံသည့်အပြင် ခေါက်ရိုးကျိုးရာများ ထင်ပေါ်နေလျှင်လည်း ငွေလဲလှယ်ဘဏ်တွေမှ လက်မခံခဲ့ပေ။ ထို့ကြောင့် ကန်ဒေါ်လာ အနွမ်းကိုင်ဆောင်သူများအနေဖြင့် အခက်အခဲများရှိနေခြင်းဖြစ်သည်။
 
`ငွေက နည်းနည်းနွမ်းပြီဆို မလဲပေးဘူး။ အဲ့တာကြောင့် ကန်ဒေါ်လာ ငွေစက္ကူရွက်ကိုဆို စာအုပ် ကြား၊ အဲ့လို တစ်ခုခုကြားမှာ သေသေချာချာ ဂရုစိုက် သိမ်းထားရတယ်။ အပြင်က ပွဲစားမှာ သွားရောင်း ရင် ငွေနွမ်း တယ်ဆိုပြီး (၅) ဒေါ်လာ မှ  အရမ်းနွမ်းရင် (၁၅)ဒေါ်လာလောက်အထိ  လျှော့ဝယ်ကြတယ်။´ ဟု ကန်ဒေါ်လာ ငွေလဲခဲ့သူ တစ်ဦးက ပြောသည်။
ဥာဏ်ဥာဏ်(မြစ်မခ)

No comments:

Post a Comment