Friday, October 26, 2012

အပြည်ပြည်ဆိုင်ရာလေဆိပ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသူပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား တင်ဒါခေါ်တော့မည်


အောက်တိုဘာ ၂၅ ရက်နေ့၊ လေကြောင်းပညာသိပ္ပံဌာနရှိအစည်းအဝေးခန်းမတွင်ပြုလုပ်သော အစည်းအဝေးမှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုပ်ငန်းများ၌ရင်းနှီးမြုပ်နှံလိုသူပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကိုလည်း အောက်တိုဘာ ၂၅ရက်မှစတင်ကာဒီဇင်ဘာလ ၅ရက်နေ့အထိ တင်ဒါလျှောက်လွှာများခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြေးလမ်းကြံခိုင်မူအားနည်းလာခြင်း၊ပြေးလမ်းကြောင်းထပ်မံ တိုးချဲ့ရန် မြေသားအခက်အခဲများ၊အဆောက်အဦးအခက်အခဲများကြောင့် ဟံသာဝတီလေဆိပ်အားတိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်အပြိုင်တည်ဆောက်မည့်ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်
အား ၂၀၁၇ခုနှစ်တွင်အပြီးဆောက်ပြီးပါကဟံသာဝတီ လေဆိပ်ဝန်ဆောင်မှု အပိုင်းကဏ္ဍများအားပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်အပြည့်အ၀ခွင့်ပြုသွားမည် ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေး ညွှန့်ကြားရေး ဦးစီးဌာနမှ သိရှိရသည်။
 
"ဟံသာဝတီလေဆိပ်တည်ဆောက်ဖို့က ၂၀၁၃ခုနှစ် ဇွန်လလောက်မှာမှန်းထားတယ်။ ၂၀၁၇ခုနှစ်မှာအပြီးတည်ဆောက် သွားမယ်။ ပြီးရင်ပုဂ္ဂလိကကိုလုပ်ကိုင်ခွင့်ပေးသွားမှာပါ"ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာနမှဒုညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက ပြောသည်။
 
 ပဲခူးတိုင်းဒေသကြီးတွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရခြင်းမှာ ၂၀၁၂ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသည်ဝင်ရောက်မှုနှင့် ငွေကြေးပမာဏကို၂.၇သန်းကျော်ရှိ
လာနိုင်ခြင်းကြောင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်လမ်းတိုးချဲ့မည့်အစား ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာလေဆိပ် အသစ်အားထပ်မံတိုးမြင့်တည်ဆောက်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
 
  ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန၏ ပထမဦးဆုံးသော စီမံကိန်းဖြစ်သည်။
 
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ခြင်းဖြင့်လည်း ဘေးပတ်ဝန်းကျင်ရှိလူနေအိမ်များ အတွက် ဆူညံခြင်း၊ အပင်များခုတ်ထွင်ရမည်ဆိုခြင်းကြောင့်သဘာဝဘေးအန္တရာယ်ကိုပျက်ဆီးစေခြင်းတို့ အတွက်လည်းအစိုးရပိုင်းဆိုင် ရာနှင့်လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိုနှိုင်းဆွေးနွေးပြီးသောကြောင့် ၂၀၁၂ခုနှစ် သြဂုတ်လပိုင်းတွင်ခွင့်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ) 

No comments:

Post a Comment