Tuesday, October 2, 2012

ဘိုင်ယန်မြူနစ် အသင်း၏ ရည်ရွယ်ချက်မှာ ချန်ပီယံလိဂ်ဖလား ဖြစ်သည်ဟု ခရုစ်ဖွင့်ဟ

ချန်ပီယံလိဂ် ဖလားရယူလိုနေသည့် ခရုစ်
ဘိုင်ယန်မြူနစ် အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်ရေး အတွက် လွန်စွာ စိတ်အားထက်သန်နေကြောင်းနှင့် အသင်း၏ အဓိက ရည်ရွယ်ချက်မှာ အဆိုပါ ဆုဖလားအား ရယူနိုင်ရေး ဖြစ်ကြောင်း ဘိုင်ယန် ကွင်းလယ်ကစားသမား ခရုစ်၏ ပြောကြားချက် အရ သိရသည်။
ဘိုင်ယန်မြူနစ် အသင်းသည် ယမန်နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ချယ်လ်ဆီး အသင်းအား ရှုံးနိမ့်ခဲ့ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရသော အသင်းဖြစ်ကာ ခရုစ်မှ ယခုနှစ် ရာသီတွင် ယမန်နှစ်ကထက် တောင့်တင်းသော အသင်းအဖြစ် ပြန်လာမည် ဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။
ခရုစ်မှ “ချန်ပီယံလိဂ် ဆုဖလားက ကျွန်တော့်အတွက်တော့ မယုံနိုင်လောက်အောင် အရေးပါပါတယ် ဘွန်ဒက်စ်လီဂါထက်တောင် အရေးပါပါတယ်။ ကျွန်တော်တို့တွေဟာ ချန်ပီယံလိဂ် ဆုဖလား ရယူဖို့ အစွန်းကုန် ကြိုးစားမှာပါ။ ဒါဟာ ကျွန်တော်တို့ အသင်းရဲ့ ရည်မှန်းချက်ပါ”ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူနစ် အသင်းသည် ယခုနှစ် ရာသီ၏ အဖွင့်ပွဲစဉ်တွင် ဗလင်စီယာ အသင်းအား (၂-၁)ဖြင့် အနိုင်ယူထားပြီး ဒုတိယမြောက် ပွဲစဉ်အဖြစ် အင်္ဂါနေ့တွင် ဘိုရီဆော့ဗ် အသင်းနှင့် ကစားရမည် ဖြစ်သည်။
soccer weekly

No comments:

Post a Comment