Thursday, October 25, 2012

"ကောလာဟလတွေကို ကြံ့ ကြံ့ခံနိုင်အောင် ကြိုတင်လေ့ကျင့်ခဲ့ရတယ် ဆိုသူ ပုလဲဝင်း"


အောက်တိုဘာလ ၁၃ရက်နေ့မှာ ကျင်းပတဲ့ မြန်မ့ာ ရုပ်ရှင်နေ့မှာ အနု ပညာ မောင်နှမ တွေနဲ့အတူ ပုလဲဝင်းလည်း တက်ရောက်ခဲ့ပြီး သက်ကြီး အနုပညာရှင် တွေကို ကန်တော့ ခဲ့ပါတယ်။ ဒီနှစ
်က အရင်နှစ်နဲ့ လုံးဝမ တူဘူး။ အနုပညာရှင်တွေ စုံစုံညီညီ နဲ့ တက်ရောက် တဲ့ပွဲဟာ ဒုတိယ အကြိမ် လို့ဆိုရမှာပဲလို့ ပုလဲဝင်း ကပြောပါတယ်။ ပထမ အကြိမ်က အ စည်း အရုံး ရွေးကောက်ပွဲပေါ့။ အခုတစ်ကြိမ်က ပိုပြီးများလာတယ်။ အ မှုဆောင် သစ်လက်ထက်မှာ ပထမဆုံး ရုပ်ရှင် လောကသားတွေ စုံညီ စွာ ပါဝင် တက်ရောက်တဲ့ပွဲပါ။ တချို့ဆို အလုပ်ရှိတာတောင် ခွင့်ယူတယ်။ ပုလဲကတော့ ဒီနေ့ ဒီလိုအချိန်မှာ ပါဝင်ခွင့်ရတဲ့ အတွက် အတိုင်း မသိ ဝမ်းသာတယ်။ အသိပညာ ရှင် အတတ် ပညာရှင်တွေ ဖြစ်ကြတဲ့ ပုလဲတို့ရဲ့ သက်ကြီး အနုပညာရှင်တွေကို ကန်တော့ခွင့် ရတာလည်း ပီတိဖြစ်တယ်” လို့ အရင်နှစ်တွေထက် စည်ကားတဲ့ အကြောင်းကို ပုလဲဝင်းက ပြောပြ ပါ တယ်။ ဗီစီဒီ ကာရာအိုကေ သရုပ်ဆောင်မှု နဲ့ အောင်မြင်လာပြီး ခုဆို ဇာတ် ကားပေါင်း များစွာကို ရိုက်ကူးနိုင်ခဲ့ကာ ပရိသတ်တွေ လက်ခံလာသူ ကတော့ ပုလဲဝင်းဖြစ်ပါတယ်။ အနုပညာ အလုပ်အပေါ်မှာ ခံယူထားတဲ့ သူ့ရဲ့ခံယူချက်နဲ့ သူလျှောက်ခဲ့ရတဲ့ အနုပညာ ခရီး အစကို အခု လို ပြန်ပြောင်း ပြောပြလာတဲ့ ပုလဲ ဝင်း က”ပုလဲတို့ခေတ် က မော်ဒယ် ဆိုပေမယ့်ပွဲတွေ ရှားတယ်။ စာနယ်ဇင်း ထောက်ပံ့မှု လည်းအားနည်း တယ်။ မပွင့်လင်းသေးတဲ့ အတွက် ဂျာနယ်တွေ အင်အားနည်းတယ်။ ကံကောင်းတာ တစ်ခုကတော့ ဗီစီဒီ တအား ရိုက်ရတယ်။ ဗီစီဒီနဲ့ပဲ အနု ပညာလောကကို ခြေချလာတယ်။ ပုလဲ ဝါသနာပါတဲ့ အနုပညာကို အခုချိန် ထိ ကြိုးစား လုပ်ဆောင်နေတယ်။ တစ်ခါ တလေ ငိုခဲ့ရသလို၊ တစ်ခါ တလေလည်း ပျော်ရွှင်ခဲ့ရပါတယ်။ ဘေးစကားတွေ၊ ကောလာဟလတွေ ကိုလည်း ကြံ့ကြံ့ခံနိုင်အောင်တော့ ကြိုတင် လေ့ကျင့်ခဲ့ရ တယ်။ ပုလဲ ဒီအနုပညာကို ချစ်ပြီး ကြိုးစားခဲ့တဲ့ အတွက် ခုဆို အောင်မြင်တယ် မ ဟုတ်ပေမယ့် နေရာတစ်ခုတော့ ရနေပြီ။ ကိုယ်ရလိုက်တဲ့ ဒီနေရာကို ဒီထက် ပိုပြီး ရှေ့သွားနိုင်ဖို့ ဆိုတာ ကိုယ့်ဟာကိုယ် ကြိုးစားဖို့လို တယ် ။ အောင်မြင်တာ နဲ့ကျဆုံးတာက ဒွန်တွဲနေတာ ဆိုတော့ အောင်မြင်တဲ့အခါ ရယ်ပြုံး နိုင်သလို၊ ကျဆုံးရင် လည်း ခံနိုင်ရည် ခွန်အားတော့ မွေးသင့် တာပေါ့။ အနုပညာ အလုပ်ဟာ ပရိသတ်တွေ ရှိမှဖြစ်တဲ့ အတွက် ပုလဲတို့ အနုပညာရှင်တွေကို ပရိသတ်တွေ အားပေး ချစ်ခင်ပေးတဲ့ အတွက် ကျေး ဇူး တင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ပုလဲဝင်းက သရုပ်ဆောင် ဘက်မှာ ကြိုးစား လုပ်နေသလို၊ ပရိသတ်တွေ တောင်းဆိုတဲ့ ဂီတဘက်မှာ လည်း သီဆိုဖြစ်နေ ကြောင်း ပြောပြခဲ့ပါတယ်။
ထူးထူး
Popular facebook

No comments:

Post a Comment