Tuesday, October 9, 2012
ထိုင်းနိုင်ငံအတွင်း ဂေးမီမုန်တိုင်း ၀င်ရောက်တိုက်ခတ်
ထိုင်းနိုင်ငံအတွင်း အပူပိုင်းမုန်တိုင်း ဂေးမီ ၀င်ရောက်ခဲ့ခြင်းကြောင့် ဆကေအို၊ ဘူရီရမ်းနှင့် ဆီဆာကတ် ပြည်နယ်များ အပါအ၀င် အခြားပြည်နယ် အမြောက်အမြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ အပူပိုင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် နိုင်ငံအတွင်းရှိ လမ်းမများတွင် ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ယာဉ်အသွားအလာ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ရေလျှံလျက်ရှိသည့် လမ်းမများမှ ရေအများအား ရေပိုက်များဖြင့် စုပ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ထို့အပြင် ထိုင်းစစ်သည်များကလည်း ထပ်မံရေလွှမ်းမိုးခြင်းမှ ကာကွယ်ရန် သဲအိတ် ၈၈၀၀၀၀ ခန့်အား ဗန်ကောက်မြို့တော် အတွင်း၌ ချထားခဲ့ကြောင်း သိရသည်။ အပူပိုင်းမုန်တိုင်း ဂေးမီသည် ယခုအခါ ဗန်ကောက်မြို့တော် အပါအ၀င် ပြည်နယ် အမြောက်အမြားတွင် ဆက်လက် တိုက်ခတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
khitlunge

No comments:
Post a Comment