Thursday, October 25, 2012

ဘရာဇီးလ် လူငယ် ဂိုမက်စ်အား အသင်းတွင် အစမ်းလေ့ကျင့်ရန် မန်ယူဖိတ်ခေါ်

ဘရာဇီးလ် လူငယ် ကစားသမား ဂိုမက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘရာဇီးလ် လူငယ် ကစားသမားလေး ဘရူနို ဂိုမက်စ်အား အသင်းတွင် အစမ်းလာရောက် လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။
အသက်(၁၆)နှစ် ရှိပြီဖြစ်ပြီး ဒီပို့တီဗို ဘရာဆီးလ် အသင်းက လေ့ကျင့်ပေးထားသည့် သွေးသစ် လူငယ် ကစားသမားလေးသည် အင်္ဂလန် ထိပ်တန်း ကလပ်အသင်းကြီးတွင် ၎င်း၏ ကိုယ်ရည်ကိုယ်သွေးကို စစ်ဆေးခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ မန်ယူနှင့် ဒီပို့တီဗို အသင်းတို့သည် ဘရာဇီးလ် လူငယ်သွေးသစ်လေးများကို ရှာဖွေ ဖော်ထုတ်ပေးရေး ပူးပေါင်းဆောင်ရွက်ရန် သဘော
တူညီထားသည့် မိတ်ဖက် ကလပ်များ ဖြစ်သည်။ ဂိုမက်စ်သည် မန်ယူတွင် အစမ်းလာရောက် လေ့ကျင့်ခွင့် ရခဲ့ဖူးသလို အခြားဥရောပ ကလပ်များကလည်း စိတ်ဝင်စားနေသည်။
ဂိုမက်စ်သည် ၎င်းအလွန် လေးစားသော မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်နှင့်လည်း တွေ့ဆုံ စကားပြောခွင့် ရထားသလို မန်ယူတွင် အနာဂတ် လေ့ကျင့်ရေး အစီအစဉ်များအတွက်လည်း ထပ်မံ လာရောက်ရဖွယ် ရှိနေသည်။ ၎င်းက "ကျွန်တော် အင်္ဂလန်မှာ ကစားချင်ပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်မှာ အရင်ဆုံး သင်ယူရဦးမှာပါ။ အင်္ဂလန် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ကျွန်တော် လိုချင်ပါတယ်"ဟု ဆိုသည်။ ဂိုမက်စ်က "ဆာအဲလက်စ်ဟာ မန်ချက်စတာရဲ့ ဂန္ထဝင် တစ်ယောက် ဖြစ်ပါတယ်။ ဒီမှာ လူတိုင်းက သူ့ကို လေးစားကြသလို သူနဲ့ တွေ့ခွင့်ရတာက တကယ့်ကို ကြီးကျယ် ခမ်းနားလွန်းပါတယ်။ သူက ကျွန်တော် ကစားတဲ့ နေရာကို ဆွေးနွေးတယ်။ ကျွန်တော့်ကို အင်္ဂလိပ်လို ပြောတတ်လားလဲ မေးပါတယ်။ ပြီးတော့ ကျွန်တော့် ကိုယ်စားလှယ်နဲ့လည်း စကားပြောခဲ့ပါသေးတယ်"ဟု ၎င်း၏ အိုးလ်ထရက်ဖို့ဒ်ရောက် အတွေ့အကြုံကို ပြောဆိုသွားသည်။ 
soccer myanmar

No comments:

Post a Comment