Sunday, October 14, 2012
ဂျပန်သို့ ပျံသန်းမည့် လေကြောင်းလိုင်းနှစ်ခု တရုတ်ဖျက်သိမ်းမည်
ဂျပန်နိုင်ငံသို့ ပျံသန်းပြေးဆွဲမည့် တရုတ်လေကြောင်းလိုင်း နှစ်ခုကို အောက်တိုဘာလကုန်တွင် ဖျက်သိမ်းသွားမည်ဟု တရုတ်နိုင်ငံဘက်မှ ကြောညာချက်များ ထွက်ပေါ်ပြီးနောက်ပိုင်းတွင် ၄င်းတို့ နှစ်နိုင်ငံကြား ပိုင်နက်အငြင်းပွားမှု ဖြစ်ပွားခဲ့သော တျောင်းယူကျွန်း အရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ကြရန် ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးက ဂျပန်အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင် China Southern လေကြောင်းလိုင်းသည် ပေကျင်းမြို့မှ ဂျပန်နိုင်ငံ တိုယာမာမြို့သို့ ပျံသန်းပြေးဆွဲမည့် လေကြောင်း ခရီးစဉ်များကို အောက်တိုဘာ ၂၈ ရက်တွင် စတင်ဖျက်သိမ်းမည်ဖြစ်ကြောင်း တာကာကာဇူ အီးရှီးခရိုင် အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် China Eastern Airlines သည် ရှန်ဟိုင်းမြို့မှ ဖူကူရှီးမားမြို့သို့ ပျံသန်းပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို ထိုနေ့တွင်ပင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ဖူကူရှီးမားမြို့မှ အာဏာပိုင်များက ပြောကြားခဲ့သည်ဟု သိရသည်။
khitlunge

No comments:
Post a Comment