Wednesday, October 10, 2012
တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ်သုံးသပ်
တရုတ်နိုင်ငံ၏ယခုနှစ်စီးပွားရေးတိုးတက်မှု နှေးကွေးလာမည်ဟု၎င်း၏ ပြည်ပပို့ကုန် လျော့နည်းလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်းတို့အပေါ် အခြေခံ၍ ကမ္ဘာ့ဘဏ်က သုံးသပ်သည်။ ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၂ ရာခိုင်နှုန်း လျာထားသော်လည်း ၇ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။ တရုတ်နိုင်ငံ၏ အဓိကဈေးကွက်ကြီးနှစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် စီးပွားရေးပြဿနာများက ၄င်း၏ ပို့ကုန်များအပေါ် ရိုက်ခတ်ခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ယခုနှစ်စီးပွားရေး ကျဆင်းမှုမှာ သိသာကြောင်း၊ ယင်းကျဆင်းမှု ဆက်လက် အရှိန်မြင့်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်က အရှေ့အာရှဒေသ၏ စီးပွားရေးတိုးတက်မှုကို သုံးသပ်ရာတွင်လည်း ယင်းဒေသတွင်းနိုင်ငံများ၏ ပြည်ပို့ကုန် ကျဆင်းလာသဖြင့် စီးပွားရေးတိုးတက်မှု နှေးကွေးမည်ဟု ဆိုသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများ အပါအ၀င် အရှေ့အာရှ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခုနှစ်အတွင်း ပျမ်းမျှ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျင်ဆင်းမည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
khitlunge

No comments:
Post a Comment