Wednesday, October 3, 2012

ချန်ပီယံလိဂ်ဖလားကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်း ရှိနေသည်ဟု လမ်းပတ်ကြုံးဝါး

ချန်ပီယံလိဂ် ဖလားကို ဆက်လက်ထိန်းသိမ်းနိုင်သည်ဟု ပြောကြားခဲ့သည့် လမ်းပတ်
ချယ်လ်ဆီး အသင်းသည် (၂၂)နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဖလားကို ဆက်လက် ထိန်းသိမ်းနိုင်သည့် အသင်းဖြစ်နိုင်သည့် အရည်အချင်းများနှင့် ပြည့်စုံနေသည်ဟု လမ်းပတ်မှ ကြုံးဝါးပြောဆိုခဲ့သည်။
ယမန်နှစ် ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့် ချယ်လ်ဆီး အသင်းသည် ယခုနှစ် ရာသီတွင်လည်း ကောင်းမွန်သော အဖွင့်ရလာဒ်ကို ရရှိနေပြီး နှစ်ပွဲ ကစားပြီးချိန်တွင် (၄)မှတ် ရယူထားနိုင်ခဲ့သည်။
ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်း အစဉ်အလာများ အရ ချယ်လ်ဆီး အသင်းအတွက် ဆုဖလားကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ် ရှိနေသော်လည်း (၁၉၉၀)ခုနှစ်တွင် ဖလား ကာကွယ်သွားခဲ့သည့် အေစီမီလန် အသင်း၏ လုပ်ဆောင်ချက်မျိုး ပြန်လည် လုပ်ပြနိုင်မည်ဟု လမ်းပတ်မှ ယုံကြည်နေခြင်းလည်း ဖြစ်သည်။
“မနှစ်က အောင်မြင်မှုကနေ ကျွန်တော်တို့ ယုံကြည်မှုတွေ ရရှိခဲ့ပါတယ်။ ပြီးတော့ ခုရာသီမှာလည်း မနှစ်ကထက် ကောင်းတဲ့ခြေစွမ်း ရှိနေပါတယ်”ဟု လမ်းပတ်မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment