မောရစ်သျှနိုင်ငံသမ္မတ သေနတ်ပစ်ခံရ
မောရစ်သျှသမ္မတ
အိုးလ်အဗ္ဗဒယ်အဇစ်သည် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ရရှိသော ဒဏ်ရာကြောင့်
မြို့တော်နောက်ခေါက် ဆေးရုံတွင် တင်ပို့ထားရကြောင်း။ အသက်အန္တရာယ်
မစိုးရိမ်ရကြောင်း အောက်တိုဘာ ၁၄ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ ဖြစ်ပွားမှုသည် အောက်တိုဘာ ၁၃ ရက်က သမ္မတ၏ ယာဉ်တန်းကို ကြည်းတပ်
တပ်ဖွဲ့ဝင်တစ်ဦးက မတော်တဆ ပစ်ခတ်မိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
မောရစ်သျှ ဆက်သွယ်ရေးဝန်ကြီး ဟမ်ဒီအိုလ်းမက်ဂျောက်က ပြောကြားသည်။
“ဒီဖြစ်စဉ်က မတော်တဆဖြစ်စဉ်ပါ၊ သမ္မတရဲ့ယာဉ်တန်း မြို့တော် နောက်ခေါက်ကို
ပြန်အလာမှာ တပ်ဖွဲ့ဝင်တစ်ဦးက မတော်တဆ ပစ်ခတ်မိသွားတာပါ”ဟု မက်ဂျောက်က
ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
khitlunge
No comments:
Post a Comment