Thursday, October 11, 2012

တရုတ်နိုင်ငံတောင်ပိုင်း၌ ဥမင်လိုဏ်ခေါင်းပြိုကျ


တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အောက်တိုဘာ ၁၀ ရက် အစောပိုင်းက အဝေးပြေးကားလမ်းမရှိ ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျမှုကြောင့် ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ အခြားတစ်ဦး လွတ်မြောက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ သတင်းအရင်းအမြစ်များက ပြောကြားသည်။ ဆိုပါ ပြိုကျမှုသည် ကွမ်ရှီးကျွမ်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျင်စီစုနှင့် ဘိုင်စီမြို့တို့အကြား အဝေးပြေးကားလမ်းမ တစ်လျှောက် ဒီဘာအိုစီရင်နာဂျာမြို့ အစိတ်အပိုင်း၌ ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီက အဝေးပြေးလမ်းမ တည်ဆောက်ရေး လုပ်ငန်းခွင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြိုကျမှုဖြစ်ပွားချိန်တွင် အဝေးပြေးကားလမ်း ဥမင်လိုဏ်ခေါင်းအတွင်း၌ ဆောက်လုပ်ရေး အလုပ်သမား ခုနစ်ဦး အလုပ်လုပ်နေကြောင်း၊ တစ်ဦးမှာ လွတ်မြောက်ခဲ့ပြီး အခြားခြောက်ဦးမှာ မြေကြီးများအအောက် ဖုံးလွှမ်းနစ်မြုပ်သွားခဲ့ကြောင်း၊ ၄င်းခြောက်ဦးအနက် ငါးဦးမှာ သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
khitlunge

No comments:

Post a Comment