Wednesday, October 17, 2012

မာလီနိုင်ငံမြောက်ပိုင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထွက်ပေါ်


မာလီနိုင်ငံမြောက်ပိုင်းရှိ အယ်လ်ကေးဒါးနှင့် ဆက်နွှယ်သောသူပုန်များ သိမ်းထားသော နယ်မြေကို ပြန်လည်သိမ်းယူရန်အတွက် နိုင်ငံတကာက စစ်ရေးဖြင့် ၀င်ရောက်စွက်ဖက်မည့် အရေးအတွက် အထူးအစီအစဉ်တစ်ခု ရေးဆွဲရန် ဒေသတွင်း ခေါင်းဆောင်များအား အချိန် ၄၅ ရက်ပေးသည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက အောက်တိုဘာလ ၁၂ ရက်တွင် တစ်ညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ ပြီးခဲ့သည့် မတ်လအတွင်းက မာလီသမ္မတ ဖြုတ်ချခံရပြီး နောက်ပိုင်း အစ္စလာမ်မစ် အုပ်စုများနှင့် တူအာရက် သူပုန်များက နိုင်ငံမြောက်ပိုင်းအား သိမ်းပိုက်ခဲ့သည်။ မာလီအစိုးရနှင့်အတူ အနောက်အာဖရိက ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သော Ecowas က မာလီနိုင်ငံအတွင်းသို့ နိုင်ငံတကာ တပ်ဖွဲ့ဝင် ၃၀၀၀ ခန့်လိုအပ်သည်ဟုလည်း Ecowas က တင်ပြထားသည်။ ယခု ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်မှာ အနောက်အာဖရိကအဖွဲ့ Ecowas ၏ ကြိုးပမ်းမှုများကို ပြန်လည်အင်အား ဖြည့်တင်ပေးခြင်းပင်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment