Saturday, October 27, 2012

ဆဲလ်တစ် ကွင်းလယ်လူ ဝမ်ညာမာအတွက် မန်ချက်စတာ ကလပ်နှစ်ခု အပြိုင်ကြိုးစားဖွယ်ရှိနေ


မန်ချက်စတာ အခြေစိုက် နှစ်သင်းသည် ဂလက်စဂို ဆဲလ်တစ်နှင့် စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေသည့် ဗစ်တာ ဝမ်ညာမာ၏ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သိရှိရသည်။
ကင်ညာ လက်ရွေးစင် ကွင်းလယ် ကစားသမား၏ အေးဂျင့်နှင့် ဆွေးနွေးရန် အတွက် မန်ချက်စတာ ယူနိုက်တက်ရော၊ မန်ချက်စတာ စီးတီးပါ ကိုယ်စားလျယ်များကို စကော့တလန်သို့ စေလွှတ်ဖွယ် ရှိနေသည်။ ဝမ်ညာမာ၏ အေးဂျင့် အိုင်ဗန် မိုဒီရာက လတ်တလောတွင် ဆဲလ်တစ်ဘက်မှ စာချုပ်သစ် ကမ်းလှမ်းမှုမှာ လက်ခံနိုင်စရာ မရှိကြောင်း ပြောဆိုထားသည်။ မိုဒီရာက "ကျွန်တော်တို့ ဆဲလ်တစ်နဲ့ အောက်တိုဘာ လဆန်းက ဆွေးနွေးဖြစ်ပါတယ်။ သူတို့ဆီက ကမ်းလှမ်းမှုကို ငြင်းဆိုထားပါတယ်"ဟု ပြောကြားခဲ့သည်။
ဆဲလ်တစ် မန်နေဂျာ နေးလ်လင်နွန်ကမူ စကော့တလန် ချန်ပီယံ အသင်းအနေဖြင့် ဝမ်ညာမာကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ဝန်ခံထားသည်။ လတ်တလောတွင် ဆဲလ်တစ်သည် တိုက်စစ်မှူး ဂယ်ရီ ဟူးပါးကို ဆက်လက် ထိန်းထားနိုင်ရေးအတွက်လည်း ရုန်းကန်နေရသည်။ လီဗာပူးလ် အသင်းသည် ဟူးပါးကို ဘာစီလိုနာနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် စောင့်ကြည့်ခဲ့သည်။ လက်ရှိတွင် ကူးပါးကိုလည်း ဆဲလ်တစ်က စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေသည့်တိုင် ဥရောပ ကလပ်များ၏ အပြိုင်စိတ်ဝင်စားနေမှုကြောင့် ခက်ခဲလာဖွယ် ရှိနေကြောင်း သိရသည်။ 
Ref: Daily Mail
soccer myanmar

No comments:

Post a Comment