Wednesday, October 10, 2012
နိုင်ဂျီးရီးယားနိုင်ငံ လိုဂီပြည်နယ်ရေလွှမ်းမှု လူပေါင်း ၆၀၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း လိုဂီပြည်နယ်တွင် မကြာသေးမီက ရေလွှမ်းမှုကြောင့် လူပေါင်း ၆၀၀၀၀၀ ခန့် ရေဘေးဒုက္ခကြုံတွေ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။ လိုဂီပြည်နယ်တွင် အဆိုပါရေဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေး စခန်းအရေအတွက်မှာ ကနဦးက ကိုးခုရှိခဲ့ရာမှ ၈၇ ခုအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် ကျန်းမာရေးဌာနအချို့တို့ရှိ ဒုက္ခသည်စခန်းများတွင် လူအများအပြား ရှိနေခဲ့ကြောင်း၊ လိုဂီပြည်နယ်ရှိ နေရာဒေသကိုးခုတွင် လူနေရပ်ကွက်ပေါင်း ၄၅၇ ခုတို့၌ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ စိုက်ပျိုးရေးခြံများ၊ ကျန်းမာရေး၊ အဆောက်အအုံများနှင့် လမ်းများတွင် အဆိုးရွားဆုံး ရေလွှမ်းမှုများ ဖြစ်ခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် မကြာသေးမီ သတင်ပတ်များက မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်နယ် ၃၈ ခုတို့ ရေလွှမ်းမှုဖြစ်ပေါ်ကာ အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့သည်။
khitlunge

No comments:
Post a Comment