Saturday, October 6, 2012

တရုတ်နိုင်ငံတွင် မြေပြိုမှုကြောင့် ကလေး ၁၈ ဦးသေဆုံး


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယီလီအန်းစီရင်စုရှိ တောတောင်ထူထပ်သော ဆင်းဟိကျေးရွာတွင် မြေပြိုမှုကြောင့် စာသင်ကျောင်းတစ်ကျောင်း မြေအောက် ရောက်ရှိသွားသဖြင့် တရုတ်လူမျိုး ကလေးငယ် ၁၈ ဦး သေဆုံးသွားကြောင်း အောက်တိုဘာ ၅ ရက် သတင်းတွင် ဖော်ပြသည်။ မြေပြိုမှုကြောင့် အဆိုပါ စာသင်ကျောင်းအပြင် လယ်တဲသုံးလုံးပါ နစ်မြုပ်သွားကြောင်း သိရသည်။ မြေပြိုပြီးနောက် အနီးအနားရှိမြစ်တွင် ပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ ရေကန်ကြီးတစ်ကန်အဖြစ် ပြောင်းလဲသွား၍ ဒေသခံ ၈၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ အဆိုပါ ကျောင်းသားကလေးများသည် ယူဖန်းမသလတန်းကျောင်းမှ ဖြစ်ကြပြီး နိုင်ငံတော် အားလပ်ရက် ကျောင်းပိတ်ရက် သတ္တပတ်တွင် ကျောင်းပိတ်ထားစဉ် ကျောင်းသို့ ပုံမှန်မဟုတ်ပဲ ရောက်ရှိနေကြခြင်းဖြစ်သည်။ စက်တင်ဘာလက ယင်းကျေးရွာ၌ပင် ငလျင်နှစ်ကြိမ်လှုပ်ခဲ့ရာ ၁၈ ဦး သေဆုံး၍ ရာချီဒဏ်ရာရရှိခဲ့သည်။
khitlunge

No comments:

Post a Comment