Friday, October 5, 2012

ယခုထက်ပို၍ အာရုံစူးစိုက်ရမည်ဟု အသင်းသားများအား ရော်ဂျာသတိပေး

အသင်း၏ ခြေစွမ်းကို စိတ်ပျက်နေသည့် ရော်ဂျာ
ယမန်နေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ပြိုင်ပွဲတွင် အူဒီးနီးစ် အသင်းအား (၃-၂)ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ် နည်းပြရော်ဂျာမှ အသင်းသားများအား ယခုထက် ပိုမို၍ အာရုံစူးစိုက်ရမည်ဟု သတိပေးပြောဆို ခဲ့သည်။
လီဗာပူးလ် အသင်းသည် အဆိုပါ ပွဲစဉ်တွင် ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ချေပဂိုး နှင့် ဦးဆောင်ဂိုးများ ပြန်လည်ပေးခဲ့ရကာ နည်းပြရော်ဂျာမှ အသင်း၏ ဂိုးသွင်းစွမ်းရည် နှင့် (၃)မှတ် ဆုံးရှုံးခဲ့ရမှု အပေါ် စိတ်မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။ ဆက်လက်၍ ရော်ဂျာမှ လီဗာပူးလ် အသင်း၏ ခြေစွမ်းအပေါ် ယင်း၏ မကျေနပ်မှုများ တိုးပွားလာနေကြောင်း ၀န်ခံပြောကြားခဲ့သည်။
“ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်းအရမ်းကို ကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ပြဿနာက အဲဒီစွမ်းဆောင်ရည်က မိနစ် (၂၀)လောက်ထိပဲ ခံတာပါ။ ကျွန်တော်တို့ အာရုံစူးစိုက်မှု လျော့ကျခဲ့ပြီး ပျင်းရိပျင်းတွဲ ဖြစ်သွားခဲ့ပါတယ် အဲဒါရဲ့ နောက်ဆက်တွဲကတော့ (၃-၁)ဖြစ်သွားတာပါပဲ။”ဟု ရော်ဂျာမှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment