Saturday, October 13, 2012

HIV/AIDS တိုက်ဖျက်ရေး ရံပုံငွေ လုံလောက်လု နီးပါရ


HIV/ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်တွေအတွက် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ငွေကြေးပမာဏရဲ့ ၉၅ ရာခိုင်နှုန်းကို နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီက ရနေတာဖြစ်တယ်လို့ အဆိုပါ ရောဂါ တိုက်ဖျက်ရေး အမျိုး သား စီမံကိန်း ကော်မတီကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းမှာ ပြောသွားပါတယ်။ 

 ကမ္ဘာ့ ရံပုံငွေအဖွဲ့ (The Global Fund) ဟာ ၂၀၁၀ ခုနှစ်က ၂၀၁၅ ခုနှစ်ထိ ၅ နှစ်တာ စီမံကိန်းအတွက် လို အပ်တဲ့ ငွေကြေး ထောက်ပံ့ပေးဖို့ သဘောတူခဲ့ပြီးဖြစ်ပါတယ်တဲ့။ 

ART ဆေးဝါးထောက်ပံ့မှု တိုးချဲ့ဆောင် ရွက်ရေးနဲ့ HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေအတွက် ရံပုံ ငွေ ပံ့ပိုးပေးတာကတော့ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့အပြင် ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့( The 3D Fund)နဲ့ တခြား အဖွဲ့ တွေဆီကလည်း ဘဏ္ဍာငွေတွေ ရရှိတယ်လို့ ဆိုပါတယ်။ 

 နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ART ဆေးဝါး လိုအပ်နေသူပေါင်း ၈၅၀၀၀ ကျော်ရှိနေပေမယ့် ၃ သောင်းလောက်ပဲ ဆေးဝါးလက်ခံရကြတာလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလာ မှတ်တမ်းတခုက ဆိုပါတယ်။ 

သူတို့အနေနဲ့ ၂၀၁၀ ခုနှစ်တုန်းက ရောဂါစွဲကပ်နေသူ ၂၃၀၀၀ လောက်ကို ကူညီနိုင်ခဲ့တယ်လို့ သိ ရပါ တယ်။ 

ART ဆေးဝါး မလုံလောက်မှုကြောင့် နှစ်စဉ် HIV စွဲကပ်နေသူ ၁ သောင်းခွဲကနေ ၂ သောင်းထိ သေဆုံး 
နေကြတယ်လို့လည်း စစ်တမ်းတခုက ဆိုပါတယ်။ အခု ရရှိတဲ့ ရန်ပုံငွေတွေက HIV/AIDS အပြင် ငှက်ဖျား နဲ့ အဆုပ်ရောဂါ တွေအတွက်လည်း အသုံးပြုနေတာလို့ ဆိုပါတယ်။ 
irrawaddy blog

No comments:

Post a Comment