Monday, October 22, 2012

နိုင်ငံတော်သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal မှ မေးမြန်းချက်။


သမ္မတလစာဘယ်လောက်ရလဲ မေးရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိန်းငါးဆယ် ရပါတယ်။ ကျွန်တော်သာ သိန်းငါးဆယ်ယူလိုက်ရင်တော့ ဒီနေ့ယူ မနက်ဖြန် ပြုတ်မယ် နဲ့တူတယ် ကြည့်ရတာ။ တိုင်းပြည်က ဒီလောက် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ အခါမှ ကျွန်တော်ဘယ်လိုလုပ် ယူရက်မလဲ။ အရင် နယက အစိုးရလက်ထက် ပေးနေတဲ့ လစာတွေ ရှိပါတယ်။ နိုင်ငံအကြီးအကဲက ကျွန်တော်ထင်တယ် ဆယ့်ငါးသိန်း ထင်တယ်။ ဆယ့်ငါးသိန်းပါပဲ။ ဆယ့်ငါးသိန်းနဲ့ သိန်းငါးဆယ်ဆိုရင် အင်မတန်မှ ကွာပါတယ်။ အဲဒီတော့ ဒါဆိုရင်ရပါပြီ ဟုတ်လား။

ကျွန်တော်ထင်ပါတယ် ကျွန်တော်ရတဲ့ ဆယ့်ငါးသိန်းက ကုမ္ပဏီတွေမှာ လုပ်နေတဲ့ လူလောက်တောင် မများဘူးမဟုတ်လား။ ဟုတ်တယ်မလား။
by Hmuu Zaw  (Facebook)

No comments:

Post a Comment