Monday, October 22, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးပြီးလက်တွဲလုပ်ဆောင်ရန်နှင့် ပက်သက်ပြီး NHK မှ မေးမြန်းချက်


ခုနကလို ထပ်ပြီးတော့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ သို့သော် အကြောင်းရှိရင် အကြောင်းရှိလို့ တောင်းဆိုလာတဲ့အခါမှာတော့ တွေ့ဆုံလို့ရပါတယ်။

တာဝန်ပေးတာကျတော့ရော။ တာဝန်ပေးတာကျတော့ ခုနကလိုဘယ်လိုလူက တာဝန် ပေးမယ် ဘယ်လိုတာဝန်ပေးမလဲဆိုတာ သူ့ အပေါ်မှာလဲ အများကြီးမူတည်ပါတယ်။ သို့သော် ပြောမယ်ဆိုရင်တော့ ခုနကလို အစိုးရ၀န်ကြီးအသစ်နေရာမှာ အလုပ်လုပ်မယ် ဆိုလို့ရှိရင် လွှတ်တော်ကနေထွက်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတယ်။

အဲဒီတော့ လွှတ်တော်က နေထွက်မှရမယ် ခုနကလိုနော်။ ဒါတွေက အများကြီးပဲရှိပါတယ်။

ဘာလို့ဆိုတော့ သူတို့ကခေါင်းဆောင်နေရတဲ့ ဒီပါတီကို ခုနကလို ၊ သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အန်ကယ်တို့ကတော့ ခုနကလို ပေးချင်တာတွေ မပေးချင်တာတွေ ချစ်တာတွေ မုန်းတီးတာတွေ ဒါတွေစိတ်ထဲမရှိပါဘူးနော်။
by Hmuu Zaw  (Facebook)

No comments:

Post a Comment