Tuesday, October 23, 2012

ဂျပန် NTT Docomo ကုမ္ပဏီက ဖုန်းခေါ်ဆိုချိန်တွင် ဘာသာစကား ပြောင်းလဲပေးနိုင်သော ဆော့ဖ်ဝဲလ် စမ်းသပ်အောင်မြင်


ဂျပန်ပြည်သူတစ်ဦးက နိုင်ငံခြားသားတစ်ဦးအား ဂျပန်ဘာသာစကားဖြင့် ဖုန်းပြောရာတွင် ချက်ချင်း နိုင်ငံခြားသား၏ ဘာသာစကားသို့ ပြောင်းလဲပေးနိုင်သကဲ့သို့ နိုင်ငံခြားသားကလည်း ၄င်းပြောဆိုနေသည့် ဘာသာစကားကို ဂျပန်ဘာသာစကားသို့ ချက်ချင်းပြောင်းလဲပေးနိုင်သော ဆော့ဖ်ဝဲလ်တစ်ခုကို ဂျပန် NTT Docomo မိုဘိုင်းလ်ဖုန်း ကွန်ရက်ကုမ္ပဏီက စမ်းသပ်တီထွင်ခဲ့သည်။ လက်ရှိအခြေအနေတွင် ဂျပန်ဘာသာစကားမှ အင်္ဂလိပ်၊ တရုတ် (မန်ဒရင်)နှင့် ကိုရီးယား ဘာသာစကားများသို့ ပြောင်းလဲပေးနိုင်ပြီး မကြာမီ အခြားဘာသာစကားများကိုလည်း ဘာသာပြန်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုလ အစောပိုင်းတွင် ဂျပန်နိုင်ငံ၌ ပြုလုပ်သော အဆင့်မြင့် နည်းပညာပြပွဲတစ်ခု၌ NTT Docomo ကုမ္ပဏီက အန်းဒရိုက်စနစ်သုံး မိုဘိုင်းလ်ဖုန်းများတွင် ဘာသာစကား ပြောင်းလဲပေးနိုင်သည့် Hanashite Hon’yaku ဆော့ဖ်ဝဲလ်ကို ပြသခဲ့သည်။ ၄င်းနည်းပညာကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဖြန့်ချိသွားရန် စီစဉ်ထားပြီး နိုဝင်ဘာလ နှောင်းပိုင်းတွင် ဂျပန်ဘာသာမှ ပြင်သစ်၊ ဂျာမန်၊ အင်ဒိုနီးရှား၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်နှင့် ထိုင်းဘာသာစကားသို့ ပြောင်းလဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ နည်းပညာသည် မည်သည့် စမတ်ဖုန်းအမျိုးအစားမဆို တစ်စက္ကန့်မပြည့်မီ အချိန်အတွင်း လျင်မြန်တိကျစွာ ဘာသာပြန်ဆိုနိုင်စွမ်းရှိသည်။ ၄င်းနည်းပညာကြောင့် ကုမ္ပဏီများ အထူးလေ့ကျင့်ထားသည့် စကားပြန်ဝန်ထမ်းများ အသုံးပြုရခြင်းမှ ကင်းဝေးပြီး ကုန်ကျစရိတ် လျှော့ချနိုင်ကာ ခရီးသွားလုပ်ငန်းကို များစွာ အထောက်အကူပေးနိုင်မည် ဖြစ်သည်။
khitlunge

No comments:

Post a Comment