Tuesday, October 9, 2012

Ph.D ပညာသင်ဆုအား ပထမဆုံးအဖြစ် မြန်မာကိုပေးမည်


IBM နှင့် ကမ္ဘာကျော် သြစတြေးလျ မဲလ်ဘုန်း (Melbourne ) တက္ကသိုလ်တို့  ပူးပေါင်း ပေးအပ်မည့် Ph.D ပညာသင်ဆု ပထမဆုံး အဖြစ် မြန်မာကို ပေးမည် ဟုသိရသည်။

သြစတြေးလျ နိုင်ငံမှ ကမ္ဘာကျော် တက္ကသိုလ် တစ်ခုဖြစ်သော University of Melbourne နှင့် နာမည်ကျော် ကုမ္ပဏီ တစ်ခု ဖြစ်သော IBM တို့ပူးပေါင်းပေးအပ် သည့် Ph.D Scholarship အတွက် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ခေါ်ယူသွားမည် ဟု Grace Education မှသိရသည်။
အဆိုပါ စကောလားရှစ်အတွက် သူတေသန အတွေ့အကြုံ ရှိထား သူများ (သို့မဟုတ်) မာစတာ ဘွဲ့ရရှိထားသူများနှင့် ဂုဏ်ထူးတန်း ပထမနှစ် အား အမှတ် ၈၅ ရာခိုင်နှုန်း ရရှိထားသူများ လျှောက်ထားနိုင် ကြောင်း သိရ သည်။
စကောလားရှစ်အတွက် ပရောဂျက် ၇ ခု သတ်မှတ် ပေးထားပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မတိုင်မီ လျှောက်ထားရန် လိုအပ်ကြောင်း လည်းသိရသည်။ စိတ်ဝင်စားသူများ အနေဖြင့် Grace Education Service ဖုန်း 095140802သို့ဆက်သွယ်နိုင်ပြီး http://tinyurl.com/ UOMIBM တွင် ဖတ်ရှုနိုင်သည်။ 
သုတလင်း
Popular News

No comments:

Post a Comment